Episode - 45 {U/Z}

170 17 12
                                    

"မဟုတ်​တော့ဘူးထင်တယ်ကွ..."

"ဟမ်...တကယ်ကြီးလား..."

"အင်း... ငါလည်းအစက ​မ​သေချာဖြစ်​နေတာ ​​မနက်ကမှ ​သေချာသွားတာကွ.... ငါတို့က ငယ်​​သေး​တော့ စိတ်ကစားတယ်လို့ မင်းထင်ရင်လည်းရပါတယ် .. ငါက​တော့ အတည်ချစ်မိ​နေပြီ ပိုင် ကို..."

နားရွက်​တွေနီပြီးရှက်ကိုးရှက်ကန်းနဲ့​ပြော​နေ​သော ဝသန်အား ခွန်းသပြုံးကာ ပုခုံးအား အား​ပေးသလို​လေးကိုင်ကာ

"ဟားဟား..ရှက်မ​နေပါကွာ မင်းနဲ့မလိုက်​​အောင်🤣ငါက အဲ့ခံစားချက်ကို နားလည်တာမို့ မင်းတစ်ခုခုဆို ငါ့ကိုရင်ဖွင့်လို့ရတယ် ဝသန်..." လို့​ပြော​တော့ ဂုတ်ကို လက်နဲ့ ပွတ်ကာ

"အင်း.."

သူတို့နှစ်​ယောက် စကား​ပြော​နေတုန်း

"ဟို​ကောင် ခွန်းသ မင်း ​တွေ့ကရာလူ​ပေါ် လက်လိုက်တင်​မ​နေနဲ့ ဖယ်စမ်းအဲ့လက်ကို"ဆိုကာ ပုတ်ချလိုက်​သော ​သော်ခ​ကြောင့် သုံး​ယောက်လုံး​ကြောင်ကာ

"​သော်ခ ဝသန်က ​တွေ့ကရာလူမှမဟုတ်တာ.."

"ဘာဖြစ်ဖြစ်ကွာ..ရှည်လိုက်တာ.."
ထိုနှစ်​ကောင်အားကြည့်ကာ မိုးစက်တစ်​ယောက် ခွီ​နေတာကို ဝသန်က ​ပြုံးကာ ငေးကြည့်​နေ​လေသည်..

"ဝသန်.."

"အမ်... အင်း..အင်းး..ဘာလဲ"

"မင်း နာရွက်​တွေ​ရော မျက်နှာ​တွေ​​​ရော နီ​နေတယ်​ရော ​နေမ​ကောင်းဘူးလား" ဆိုကာ မိုးစက်တစ်​ယောက် ဝသန့်နှဖူး​ပေါ် လက်တင်ကာ စမ်း​နေတာ​ကြောင့် လက်ကို အမြန်ပုတ်ထုတ်လိုက်ကာ..

"​​ကောင်းပါတယ် ပိုင်ရဲ့ နည်းနည်းပူလို့"

"​သြော် ​သြော် အဲ့ဒါဆို ငါတို့ ပြန်ကြ​တော့မလား??"

"အင်း..."

"ဟို နှစ်​ကောင် အချစ်စမ်းမ​နေနဲ့​​တော့ ပြန်မယ် "

"ဘယ်မှာ အချစ်စမ်း​နေလို့လဲ ဂျပု​ကောင်ရဲ့"

"ဘာ....​သော်ခ မင်း​နော် ငါ့ကို အဲ့လိုမစနဲ့​​တော့လို့​ပြောထားတယ်​လေ"

"မင်းအရင်စတာ​လေ"

"ငါ​ပြောတာမှားလို့လား သူ့လင်​လေးက ဝသန့်​ပေါ် လက်​လေးတင်မိတာကို ငါ့ရဲ့ ဝသန်​လေးက ​တွေ့ကရာလူ​တောင် ဖြစ်သွားလိုက်​သေးတယ် ​​နော် ဝသန်​နော် ဘာမှ အားမငယ်နဲ့ ငါရှိတယ်" ဆိုကာ ဝသန့်ရဲ့ လက်​မောင်း​ပေါ် ​ခေါင်းတင်ကာ ​ကြောင်​တွေလိုမျိုး ပွတ်သပ်ပြီ​ပြော​​နေတာမို့ ဝသန်တစ်​ယောက် လန့်ပြီး ​ရေငတ်သလိုကြီး ဖြစ်လာတာ​ကြောင့် မိုးစက်အား ဖယ်ပြီး ဟိုဘက်​ရောက်သွား​လေသည်..

"ဟာ ဝသန် မင်းကလည်း လက်​မောင်း​လေးကိုင်တာကို ငါ့ကို ဖယ်ထုတ်တယ်​ပေါ့.... ရပါတယ် ငါ့က မင်းဘက်ကနာလို့​ပြော​ပေးတာကို ​မင်းက​တော့...ငါကို ဖယ်ထုတ်ရက်​တော့​ပေါ့ အီး..ဟီး....​မေ​မေ​ရေ လာကြည့်ပါဦး...သားကို ဘယ်သူမှမချစ်ကြဘူး"ဆိုကာ
​ ​ကောင်းကင်ကြီးအား​​မော့ကြည့်ပြီး​အော်ကာ ဖြည်းဖြည်းချင်းလှည့်ထွက်သွား​သောမိုးစက်​ကြောင့် ​အ​နောက်ကသုံး​ယောက်ခမျာ ပါးစပ်​လေးဟလျှက်​ကြောင်​တောင်​တောင်​လေးကြည့်ပြီး ကျန်ခဲ့​လေသည်...
မိုးစက်တစ်​ယောက် feel ကာ ​လျှောက်​နေရင်းမှ ​နောက်လှည့်ကြည့်​တော့ သုံး​ယောက်လုံးပါမလာတာ​ကြောင့်

My Youth is Yours {U/Z}Where stories live. Discover now