🎶အဝါလေးလား အနီလေးလား အို အားလုံးထက်ပို လှနေလို့ 🎶
🎶ငါရင်ခုန်တာ မင်းကြောင့်ပဲကွယ် ရင်ခုန်သံတွေမင်းကြောင့်ဖြစ်မယ် 🎶🎶အဝါလေးလား အနီလေးလား အို အားလုံးထက်ပိုလှနေလို့...🎶
🎶ဘယ်သူတွေ ဘယ်လောက်ပဲလှလှပေါ့ကွယ် ဒီ ပိတောက်ပန်းလေးတော့ ရှုံးတယ် 🎶သူတို့တွေ ပြည်လမ်း မဏ္ဍပ်ရှေ့မှာလွှမ်းပိုင်ရဲ့ Miss ပိတောက်သီချင်းနဲ့ ဒွန့်နေကြတာပါ...
"အဝါလေးလား အနီလား အို အားလုံးထက်ပိုလှနေလို့"
သော်ခ တစ်ယောက် ပါးစပ်ကနေ သီချင်းလိုက်ဆိုပြီး သူတို့ကားနောက်ကောင်မလေးကို စနေလေသည်...ဘေးက ခွန်းသကတော့ Jelly တွေ အတောက်လိုက်နင်ကာ မျက်နှာကဇီးရွက်လောက်သာရှိတော့သည်.. အဲ့ဒါကို သတိထားမိသော မိုးစက်က"ဟိုကောင် အဲ့လောက်မရွနဲ့ ဘေးမှာ လင်တစ်ယောက်လုံးပါတာတောင် ဖွန်ကြောင်ချင်နေတယ်" ဆိုတဲ့ အပြောကြောင့် အကုန်လုံး ထရယ်ကြတော့သည်...
"မိုးစက်ပိုင်...မင်းတော့နော်...ငါစိတ်လေးကြည်နေလို့ မင်းကိုခွင့်လွှတ်လိုက်မယ်🌚"
မိုးစက်တစ်ယောက်လျှာထုတ်ပြောင်ပြကာ ဆက်ဒွန့်နေလေသည်... ဝသန်ကတော့ မိုးစက်ကို လိုက်ထိန်းနေရတယ် တော်ကြာ အဒွန့်လွန်ပြီကားပေါ်က ပြုတ်ကျမှာဆိုးရတယ်🤦♀️
ကားက မဏ္ဍပ်တွေတစ်ခုပြီးတစ်ခု ရှေ့ကနေ တစ်ဖြည်းဖြည်းရွေ့ရင်း သွားနေရသည် ညနေ ၂ နာရီလောက်တောင်ရှိနေပြီမို့ သူတို့ ဗိုက်ဆာနေပြီဖြစ်သည်
ကံကောင်းစွာနဲ့ ရှေ့မှာ စတုဒီသာ ကျွေးနေတာနဲ့ ကွက်တိ
"ဟျောင့် တွေ အရှေ့မှာ စတုဒီသာ စတုဒီသာ" ဆိုပြီး ထအော်တဲ့ မိုးစက်ကြောင့်
"ဖြည်းဖြည်းပြောပါ ပိုင်ရယ် "
"ငါ ဗိုက်ဆာနေပြီကွ"
"ဟုတ်ပြီဟုတ်ပြီ ကားကလည်း အဲ့နားရောက်ဖို့ တော်တော်ကြာဦးမှာကွ ဒီလိုလုပ် ငါ အမြန်သွားယူလိုက်မယ်"
"ဟုတ်တယ် အရှေ့ကို ရောက်ဖို့က ကြာဦးမှာ ကိုယ် ဝသန်နဲ့ လိုက်သွားလိုက်မယ် "
"အာ့ဆို ဂရုစိုက်သွားဦးနော်"
"အင်း" ဆိုကာ ဝသန်နဲ့ သူရိန် ကားပေါ်က ခုန်ဆင်းကာ အရှေ့ကိုထွက်သွားကြသည်...
သူတို့လည်း ဒွန့်လိုက် မောရင်ပြန်ထိုင်လိုက်နဲ့ ကားက အဲ့နားကကို မရွေ့သေး
" ဝသန်တို့ကလည်း ကြာလိုက်တာကွာ အဆင်ရောပြေရဲ့လားမသိ ""ပြေမှာပါကွာ ဘာဖြစ်"
မိုးစက်တစ်ယောက် ဖင်တစ်ကြွကြွနဲ့ ထိုင်လိုက်ထလိုက်လုပ်နေရင်းမှ စိတ်မရှည်တော့သောကြောင့် ဆင်းဖို့အလုပ် ...
![](https://img.wattpad.com/cover/250446497-288-k479957.jpg)