"တီ....တီ....တီ...." အိမ်ရှေ့က ကားဟွန်းတီးသံကြောင့်
"မေမေ ပိုင်တို့ လာပြီထင်တယ် သားသွားတော့မယ်နော်..."
"အေး..အေး..သားရောက်ရင် မေမေတို့ကို ဖုန်းဆက်ဦးနော်.."
"ဟုတ်...." ဆိုပြီး ဝသန် Luggage ကိုဆွဲပြီးပြေးထွက်သွားတော့ ဝသန့်မေမေက နောက်က လိုက်လာရသည်..
ဝသန် အိမ်ရှေ့တံခါးကို တွန်းဖွင့်ကာ မိုးစက်တို့ကားဆီသို့ အမြန်သွားလိုက်သည်...
"ပိုင်...စောင့်ရတာကြာသွားလား ငါမေမေ့ကို နှူတ်ဆက်နေလို့"
"ရပါတယ်ကွ.. မကြာပါဘူး အနောက်က မင်းမေမေလား" လို့ ပိုင်မေးမှ ဝသန်လှည့်ကြည့်တော့ မေမေ က သူ့နောက်လိုက်လာတာပဲ...
"အင်း ဟုတ်တယ် ငါ့မေမေ"
"အဲ့ဒါဆို နှုတ်ဆက်လိုက်ဦးမယ်" ဆိုပြီး ကားထဲက ထွက်လာတော့ မိုးစက်ရဲ့ ဖေဖေနဲ့မေမေပါဆင်းလာကြ
သည်.."အန်တီ...သားက ဝသန့်သူငယ်ချင်း မိုးစက်ပိုင်ပါ... ဒါက သားဖေဖေနဲ့မေမေ.. အန်တီချောတာပဲ ဝသန်က အန်တီနဲ့တူတာနေမှာ😁😁😁"
"အယ်...သားလေးက အသွက်လေးပဲ အဲ့ဒါကြောင့် အိမ်ကသားက အဲ့လောက်ချစ်နေတာ...သားလေးလဲ အချောလေးပါပဲနော်...သြော် အမတို့ တွေ့ရတာဝမ်းသာပါတယ်..အိမ်ထဲဝင်ပါဦးလား"
"ရပါတယ်..မဝင်တော့ဘူး တော်ကြာဟိုဘက်ကို ဝင်ရင် တအားမှောင်နေမှာဆိုးလို့ ညီမလေးရဲ့"
"သြော်..ဟုတ်ကဲ့ပါ..အဲ့ဒါဆို ကျွန်မရဲ့သားလေးကို ဂရုစိုက်ပေးပါဦးနော်...သား...လိမ်လိမ်မာမာနေနော်..ပြန်လာချင်တဲ့နေကျရင် မေမေတို့ကို ဖုန်းဆက်လိုက်နော် လက်မှတ်စီစဥ်ပေးမယ်..."
"ဟုတ်"
"ဝသန်ကို စိတ်ချပါအန်တီရဲ့ ဘာမှမဖြစ်စေရဘူး ဟီး..."
"ဟုတ်ပါပြီရှင်" ဆိုပြီး မိုးစက်ခေါင်းလေးကိုပုတ်ပြီး ရယ်နေသည်...
"ဒါဆို သွားလိုက်ဦးမယ်နော် ညီမလေး သားကို စိတ်ချပါ ကျွန်မတို့လည်းရှိတာပဲ..."
"ဟုတ်ကဲ့ပါ အမ ကျေးဇူးပါ.."
"ရပါတယ် " လို့ပြောပြီး သူတို့အားလုံးကားပေါ်တက်ကာ ခရီးစခဲ့ကြသည်...
"ဝသန်..အိပ်ချင်ရင်အိပ်နော်..နားတဲ့နေရာရောက်ရင်နှိုးလိုက်မယ်.."
"အင်း...ငါမအိပ်ချင်ဘူး ရတယ်" ဆိုပြီး စာအုပ်ဖတ်နေသည်.. ဒီကောင်ကလေ အားနေရင် စာအုပ်ပဲဖတ်နေတယ် ပျင်းစရာကြီး လို့ မိုးစက်စိတ်ထဲကပြောပြီး ခုံကိုမှီကာ မျက်လုံးမှိတ်ထားလိုက်သည်..
ခနနေတော့ ဝသန့်ပုခုံးတစ်ဖက်လေးသွားတာကြောင့် ခေါင်းစောင်းကြည့်လိုက်တော့ ပိုင်..."ဟား...ဟား...ငါကို နှိုးမယ်လေးဘာလေးနဲသူက အရင်အိပ်ပျော်သွားတယ် တကယ့်ဟာလေး" ဆိုပြီး မိုးစက် မှီလို့ကောင်းအောင် ပုခုံးကို အောက်နည်းနည်း ချပေးလိုက်သည်...ဝသန်...မိုးစက်ကို အဆင်ပြေအောင်လုပ်ပေးနေတဲ့အချိန် မိုးစက် မေမေက လှည့်လာပြီး..