Chapter 39 {U/Z}

211 16 0
                                    

"ဒီက ရဲဝသန်မလား ငါကို မမှတ်မိဘူးလား ငယ်ငယ်တုန်းက တစ်​ခေါက်လာဖူးတယ်​လေ.."

"အင်း..​ဆောရီး မမှတ်မိလို့.."

"ရပါတယ်...မမှတ်မိ​တော့ ပြန်မိတ်ဆက်ရတာ​ပေါ့ ငါ့နာမည် ​သော်တာ​စေမင်း... ငါ့ကိုကို ကို​​တော့ နင်တို့သိတယ်မလား.."

"အင်း...နင်တို့လာမယ်လို့ ​မေ​မေ ကြိုဖုန်းဆက်ထားလို့ အခန်းပြင်ထားတယ် အထဲဝင်​​လေ.."

"အင်း...ဒါနဲ့ နင့်ဘေးကတစ်​ယောက်က မိုးစက်ပိုင်ဆိုတာလား..." ဆိုကာ မိုးစက်အား စိုက်ကြည့်ပြီး ဝသန့်ကို​မေးတာမို့..

"အင်း.."

"ပိုင်...​တွေ့ရတာဝမ်းသာပါတယ်​နော် .."

"အမ်...အင်း...​ငါလည်း​တွေရတာဝမ်းသာပါတယ်😁"

"​ဟို..သော်တာ​စေမင်း...ပိုင့်ကို ငါပဲ ပိုင်လို့​ခေါ်တာမို့ နင်သူများ​တွေ​ခေါ်သလိုပဲ မိုးစက်လို့​ခေါ်ပါ..."

"အာ....ပိုင်...အဲ...မိုးစက်​တောင်ဘာမှမ​ပြောတာ နင်က ဘာဖြစ်လို့လဲ"

"ငါမကြိုက်လို့ 😌"

"ဟို..ဟို..ဒီက​သော်တာ..​သော်တာ...."

"​သော်တာ​စေမင်းပါ.."

"အာ...​သော်တာ​စေမင်း...ဟို ငါ့ကို မိုးစက်လို့ပဲ​ခေါ်ပါ အဲ့ဒါကပိုအဆင်​ပြေလို့.."

"ဟုတ်ပါပြီ....နှစ်​ယောက်လုံးက မိုးစက်လို့​ခေါ်ခိုင်း​တော့လဲ မိုးစက်​ပေါ့ ငါ့ကိုလည်း ​သောတာပဲ​ခေါ်ပါ .."

"အင်း..😁😁"

"လာ...ငယ်​လေး ကိုကို တို့ အထဲဝင်ကြရ​အောင်..."

"အင်း😊"

"ကြီးမြ​ရေ...ကြီးမြ..."

"​လာပြီ... ဝသန်လေးဘာလိုလို့လဲ.."

"ဟို ဒါ​မေ​မေ​ပြောတဲ့ ​မေ​မေ့သူငယ်ချင်းရဲ့ သားနဲ့သမီး သူက ​သော်တာ​စေမင်း...ဟိုဘက်က အစ်ကိုက သူရိန်​စေမင်း တဲ့...."

"​သြော်...​အေး​အေး..သားနဲ့သမီး လွတ်လွတ်လပ်လပ်​နေ​နော်...လိုတာရှိရင်လည်း ​ပြောပါ.."

"ဟုတ်..ကြီးမြ" ဆိုကာ သူရိန်​ပြောလိုက်​လေသည်..​သော်တာက ​တော့ အိမ်ကို ​လျှောက်ကြည့်​နေ​လေသည်..

"သားတို့ အတွက်ကြီးမြ အခန်းနှစ်ခန်းပြင်ထား​ပေးတယ်..အထုပ်​တွေကို ဦးစိုးသယ်လာ​ပေးလိမ့်မယ်​နော်.."

"ဟုတ် ရပါတယ်ဗျ ကျွန်​​တော်ဘာသာသယ်လိုက်ပါ့မယ်..."

"ကိုကို့ ဘာသာသယ်မယ်ဆို ငယ်လေးဟာပါ သယ်လာခဲ့​ပေး.."

"ဟုတ်ပါပြီဗျာ...ကိုကို သယ်လာ​ပေးပါ့မယ်  "
ဆိုကာ ​သူ့ညီမ ​ခေါင်း​လေးကို ပွတ်ပြီး​ပြော​နေ​သော သူရိန်​ကြောင့် မိုးစက်နဲ့ ဝသန် နှစ်​ယောက်သား မျက်လုံးချင်းဆုံကြည့်ကာ ပြိုင်တူ​ခေါင်းခါလိုက်ကြသည် .

"ဒါဆို ကြီးမြ ဟင်းသွားချက်လိုက်ဦးမယ် ဗိုက်ဆာရင်​ပြောကြ​နော်.."

My Youth is Yours {U/Z}Donde viven las historias. Descúbrelo ahora