Episode - 44 {U/Z}

174 21 7
                                    

နှစ်ဆန်း ၁ ရက်​နေ့

ဝသန်တို့ဒီ​နေ့မနက် ​သော်ခတို့နဲ့တူတူ ​ရွှေတိဂုံဘုရားသွားရန်​ပြောထားတာ​ကြောင့် ဝသန် မိုးစက်အားနှိုးရန် ပြင်ရ​​တော့သည်...

"ပိုင်...ပိုင်... ထ​​တော့ ထ​တော့ ၆နာရီထိုး​​နေပြီ"

"အင်.....ဘာလဲကွာ အ​စောကြီးရှိ​သေးတာကို..."

"မ​စော​တော့ဘူး ဘုရားသွားဖို့ ချိန်းထားတယ်​လေ" ဆို​တော့မှ

"ဟမ် ဟုတ်သားပဲ ဘယ်အချိန်လဲ ဘယ်နှနာရီရှိပြီလဲ ​သော်ခတို့လာ​နေပြီလား မင်း​ရော ပြင်ပြီးပြီလား..."

"ဖြည်းဖြည်း​မေးပါ ပိုင်ရာ.. ငါဘယ်က စ​ဖြေရမလဲ​တောင်မသိ​တော့ဘူး ​သော်ခတို့က လာ​နေပြီလမ်းမှာ ငါကပြင်ပြီး​နေပြီ" ဆို​တော့မှ မိုးစက်တစ်​ယောက် ဝသန့်ကို ​သေချာကြည့်မိ​သည်... အ​ပေါ်က အဖြူ​ရောင် လည်ကတုံးအင်္ကျီကိုမှ လက်​ခေါက်တင်ကာ နီညို​ရောင်ကွက်စိပ် ပုဆိုးကို တွဲဝတ်ထားတာ အရမ်း​တွေ ခန့်​နေလွန်းတာ မဟုတ်ဘူးလား... ဒီ​ကောင် အခုမှ အသက်က ၁၆ နှစ်​တောင်မပြည့်​သေးပဲ ဒီ​လောက်ခန့်ရလား..... ဆိုကာ ​အ​တွေးထဲနစ်​မြော​နေ​လေသည်...

"ပိုင်..... ငါအရမ်း​ချောတာ ငါသိတယ် အဲ့​လောက်ကြည့်စရာမလိုပါဘူးကွာ..."

"အမ်... ဘယ်သူက မင်းကိုကြည့်​နေလို့လဲ ​စော​စောစီးစီး အခွက်လာ​ပြောင်မ​နေနဲ့ ငါ​ရေသွားချိုး​တော့မယ်...." ဆိုကာ ကုတင်​ပေါ်က ဆင်း​ပြေးသွား​လေသည်..

"ဟား...ဟားး...​ဖြေး​ဖြေးသွားပါကွာ ငါအင်္ကျီထုပ်ထား​ပေးမယ် " ဆိုကာ ဝသန်လှမ်း​အော်​လိုက်သည်
စိတ်ထဲတွင်လည်း ချစ်ဖို့​ကောင်းတယ်ဆိုပြီး ​တွေးပြီးမှ သူ့အ​တွေး​တွေကို လန့်​နေရသည်.. ဘာလို့ ပိုင့်ကိုမြင်တိုင်း ချစ်ဖို့​ကောင်းတယ်လို့ပဲ​တွေး​နေပြီး အမြဲကာကွယ်​ပေးချင်​နေမိတာလဲမသိ.. သူ​သေချာစဥ်းစားမှရ​တော့မည်...ပိုင့်အ​ပေါ် သူငယ်ချင်း ညီအစ်ကို လို ခင်တာလား ဒါမှမဟုတ် ​သော်တာ​ပြောသလိုပဲလားဆိုတာ သူအချိန်​ပေးပြီးစဥ်းစားမှရ​​တော့မည်...ဟူး.....

ခန​နေ​တော့ မိုးစက်တစ်​ယောက်​ရေချိုးခန်းထဲမှထွက်လာ​တော့ ဘီဒိုထဲ ​ခေါင်ဝင်ကာ ရှာ​ဖွေ​နေ​သော ဝသန်​ကြောင့်

"ဝသန် ... အင်္ကျီထုပ်ထား​​ပေးမယ်ဆို ဘယ်မှာလဲ"

"ခန​လေး မင်းအတွက်ငါ ​သေးတဲ့ဟာရှာ​ပေး​နေတာ မင်းမှာ မြန်မာဝတ်စုံမပါလာဘူးမလား"

"မင်းကလည်း ငါမှာ တစ်စုံပါတယ် ​မေ​မေက ​ကျောင်းမှာပွဲရှိရင် ဝတ်လို့ရ​အောင်ဆိုပြီး ထည့်​ပေးလိုက်တာ ငါ ပိုပိုလိုလိုဆိုပြီးယူလာတယ်"

"​သြော်...ငါက မသိပါဘူး မင်းမှာ မြန်မာဝတ်စုံမရှိဘူးထင်​နေတာ..."

"အထင် small လိုက်တာကွာ ငါလည်း ဘုရား​တွေဘာ​တွေသွား​ရင် မြန်မာဝတ်စုံဝတ်ပါတယ်ကွ"

My Youth is Yours {U/Z}Donde viven las historias. Descúbrelo ahora