"မောင် မအိပ်သေးဘူးလား..."
"ခဏလေးပဲနော်...
နည်းနည်းလေးပဲကျန်တော့တယ်..."မျက်မှန်ကြီးတပ်ပြီး laptopကိုကြည့်နေတဲ့ရောင်ဝါ့ကိုမေးလိုက်ခြင်းဖြစ်သည်..။
"လေး အိပ်ချင်အိပ်တော့လေ...
မောင်ပြီးတာနဲ့လာခဲ့မယ်...""ပြီးခါနီးမဟုတ်လား စောင့်နေမယ်..."
"အင်းအင်း..."
လေးလည်း အလုပ်လုပ်နေတဲ့ရောင်ဝါ့ကိုကြည့်ပြီး လေးတစုံတယောက်ကိုတောင် မြင်ယောင်နေမိသည်..။
မောင်အခုလိုမျက်မှန်တပ်ထားတာ အဲ့ကောင်လေးနဲ့အရမ်းတူတာပဲ.."ဟေ...မောင့်ကိုစိုက်ကြည့်ပြီး ဘာတွေပြုံးနေတာလဲ?..."
"ဟင်...ဘာမှမဟုတ်ပါဘူး..."
ရောင်ဝါလည်း လူကိုစိုက်ကြည့်ပြီးပြုံးနေတဲ့လေးကြောင့် laptpopကိုပိတ်လိုက်ပြီး လေးရှိရာကုတင်ပေါ်ကိုတက်လာလိုက်သည်..။ မျက်မှန်ကိုချွတ်ကာ အံဆွဲထဲထည့်သိမ်းလိုက်ပြီး လေးရဲ့ဘေးမှာဝင်လှဲလိုက်သည်..။
"မောင့်ကိုမလိမ်နဲ့...
လေးတစ်ခုခုတွေးနေတယ်ဆိုတာ မောင့်သိတယ်...မြန်မြန်ပြောနော် မဟုတ်ရင် မလွယ်ဘူးမှတ်...""မောင်ကတော့လေ...
ငါပြောပြပါ့မယ်...
မောင်အခုလိုမျက်မှန်တပ်ထားတာလေ ငါတွေ့ဖူးတဲ့ကောင်လေးတစ်ယောက်နဲ့တူလို့ပြုံးမိတာပါ...""ဘယ်သူလဲ?...
ဘယ်ကကောင်လဲ?...
လေးရဲ့exလား?...""ဟိုး ဟိုး ပြောပြတာလည်းဆုံးအောင်နားထောင်ပါဦးမောင်ရယ်...
အဲ့ကောင်လေးက ငါတို့ second yearလား third yearလားမသိဘူး...
သြော် ငါတို့ကော်ဖီဆိုင်ဖွင့်ပြီးတဲ့အချိန်ကဖြစ်မယ်...""အင်း...ဘာဖြစ်လဲ?..."
"အဲ့အချိန်က ငါ့ကိုလာကြည့်တာလား ဒါမှမဟုတ် ဆိုင်ကိုပဲလာကြည့်တာလားတော့မသိဘူး ကောင်လေးတစ်ယောက်ခဏခဏလာချောင်တတ်တယ်..."
"ဟုတ်လား...
အဲ့ကောင်နဲ့အခု ခင်သွားပြီလား...""မဟုတ်ပါဘူး...
အခု သူတောင်ဘယ်ရောက်လို့ရောက်နေမှန်းတောင်သိမှာမဟုတ်ဘူး..."
YOU ARE READING
Lay (လေး) (completed)
Fantasyအရာအားလုံးဟာ..အကျိုးရှိလို့အကြောင်းဖြစ်လာတဲ့အတွက်..ငါဘာကိုမှစိတ်ထဲမထားပါဘူးမောင်.......