"မောင်...ငါတို့လမ်းခွဲကြရအောင်..."
"ဗျာ...
လေး လေးလာနောက်နေတာလား...
လေး ကျွန်တော့်ကိုဒီလိုမျိုးတော့မနောက်ပါနဲ့.."မနက်ကအထိ လွှာ့ဆီလာရင်း..လေးနဲ့ စကားပြောတာ..အခုမှ တစ်နေရာသွားမယ်ဆိုပြီးပြောတာကြောင့်..ကျွန်တော်လည်း နီးရာပန်းခြံကို မောင်းလာခဲ့သည်..။ ရောက်လည်းရောက်ရော..ဘာမှမပြောဘဲ ကျွန်တော့်ကိုကြည့်နေရင်းက..ပြောမယ့်ပြောလာတော့..လမ်းခွဲကြရအောင် တဲ့..ကျွန်တော်နားကြားများလွဲနေသလားလို့တောင် ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်နေမိတယ်..။
"ဟုတ်တယ်...ရောင်ဝါ ငါတို့လမ်းခွဲရအောင်.."
"အကြောင်းပြချက်...
အကြောင်းပြချက်က ဘာလဲဗျာ...""ဟင်း....မင်း သော်တာနဲ့လက်ထပ်တော့မှာမလား..."
"လေး..လေး ဘယ်လိုသိလဲ?.."
"အစကတည်းက သော်တာနဲ့မင်းက လက်ထပ်ရမှာပဲမဟုတ်ဘူးလား...
မင်းကိုယ်တိုင်ပဲပြောခဲ့တာလေ..""အဲ့တာက..အဲ့အချိန်က လေးကိုတမင်ပြောခဲ့တာလေ...
အတည်မှမဟုတ်တာ...
ကျွန်တော်ချစ်တာ လေးကို...
ကျွန်တော်လေးနဲ့ပဲအတူရှိချင်တာ...
လေးကိုလက်ထပ်ယူချင်တာ...""မဖြစ်နိုင်တာ မပြောစမ်းပါနဲ့ရောင်ဝါ...
ငါနဲ့မင်းက ဘယ်လိုမှမဖြစ်နိုင်ဘူး..
မင်းနဲ့အသင့်တော်ဆုံးက သော်တာပါပဲ...
သော်တာနဲ့လက်ထပ်ပြီး..ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ဖန်တီးပါ...""ဟာ....ကျွန်တော်မှ သော်တာ့ကိုမချစ်တာ...
ကျွန်တော်ချစ်တာ ခင်ဗျားကိုလေ...လေးရာ...""အခုချိန်မှာမို့လို့ပါ...
မင်းသော်တာနဲ့လက်ထပ်ပြီးသွားရင် အချစ်ဆိုတာ ဖြစ်လာနိုင်တာပဲလေ...""ဟာကွာ....ကျစ်.....
လေး ဘာလို့ကိုယ့်ချစ်သူကိုသူများဆီတွန်းပို့ချင်ရတာလဲဗျာ...""မင်းဘဝလေးပျော်ရွှင်စေဖို့ပါ..."
"လေးမပါတဲ့ကျွန်တော့်ဘဝက ပျော်ရွှင်နိုင်မယ်တဲ့လား..."
"အင်း...သားတွေသမီးတွေရလာတဲ့အခါ မင်းငါ့ကိုတောင် မေ့သွားမှာပါ..."
YOU ARE READING
Lay (လေး) (completed)
Fantasyအရာအားလုံးဟာ..အကျိုးရှိလို့အကြောင်းဖြစ်လာတဲ့အတွက်..ငါဘာကိုမှစိတ်ထဲမထားပါဘူးမောင်.......