Extra-2(Uni)

9.8K 732 16
                                    

"လေး...လေး..."

"ဟေ့...သွားသွား ဒီနားမလာနဲ့..."

"ဟာ...မောင် ကလေးကိုဘယ်လိုပြောနေတာလဲ?..."

သားသားက သူ့အရုပ်ကိုကိုင်လာပြီ လေးရဲ့အနားကိုလျှောက်လာတာမို့..ရောင်ဝါတစ်ယောက် ပြောနေခြင်းဖြစ်သည်..။

"လေး လေး...အင့်..."

"ဟင်...သားက လေးကိုအရုပ်လေးပေးတာလား.."

"ဟုတ် ဟုတ်...ချော့..."

"သားက လေးနဲ့အတူချော့ချင်တာလား..."

"ချော့..ချော့..."

"ဟုတ်ပါပြီ...လာ...
ကုတင်ပေါ်မှာ ဆော့မယ်နော်...
ညီမလေးရော..." ဆိုပြီးလည်း မေးလိုက်ရော..လေးဆီကပြန်ပြေးကာ အပြင်ကိုပြန်ထွက်သွားလေသည်..။

"လေးရာ...အရှုပ်လေးတွေကို ဘာလို့ခေါ်ထားမှာလဲ?..."

"မောင်ရယ် အားတဲ့ရက်လေးပဲ သားသားတို့နဲ့အတူနေပေးရတာလေ...
သားသားတို့လည်း အတူတူဆော့ချင်ရှာမှာပေါ့..."

"ပြီးတာပဲ...
ဒီကကောင်ကိုတော့ ပြစ်ထားချင်တိုင်းပြစ်ထားလို့ရတယ်ဆိုတဲ့သဘောပေါ့..."

"မဟုတ်ပါဘူးကွာ...
မောင်လည်း အခုငါနဲ့အတူရှိနေတာပဲကို..."

"ဟင်း......လေးကိုဆက်ပြောနေလည်း ဘာမှထှူးဘူး...
TVပဲကြည့်တော့မယ်..." ဆိုပြီး ကုတင်ပေါ်ကနေ စူပုတ်ပြီးထသွားကာ TVကိုသွားဖွင့်နေလေသည်..။

"မောင်ကတော့လေ..."

"အဲ့မှာ ခင်ဗျားတူတွေတူမတွေနဲ့ပဲဆော့နေ..."

"အဟက်...ကလေးဆန်လိုက်တာ မောင်ရာ.."

"မသိဘူး...ဘာမှလာမပြောနဲ့..."

"လေး လေး..."

မောင့်ကို စကားပြန်ပြောဖို့ပြင်လိုက်ပေမယ့်..ညီမလေးရဲ့လက်ကိုဆွဲပြီးဝင်လာတဲ့သားသားကြောင့် စကားစပြတ်သည်..။

"လေကြေ ပါရာပြီ..."

"အဟက်...ဟုတ်ပါပြီ...
လာ...လရောင်ရော လေပြေရော ကုတင်ပေါ်ကိုလာ.."

"ဟုတ်..."

ကလေး၂ယောက်ကုတင်ပေါ်တက်တာလာကို မောင်ကတော့ မမှိတ်မသုန်ကြည့်နေသည်..။ မချစ်လို့တော့မဟုတ်..။ သူ့တူနဲ့တူမကို ချစ်တာမှတုန်လို့...မမြင်ရရင်လည်း လိုက်ရှာနေတတ်သည်..။ မြင်နေရရင်လည်း အခုလိုလျှောက်လျှောက်စနေတတ်သည်..။

Lay (ေလး) (completed)Where stories live. Discover now