Part-16(Uni)

13.2K 1K 18
                                    

"ဖြစ်မှဖြစ်ရတယ် လေးရယ်...
ဒီလူမိုက်ရဲ့ ရှေ့မှာမှဝင်ရပ်ရတယ်လို့...
အခုတော့ အညိုအမည်းဆွဲပြီ...ဟင်း..."

ပြောလည်းပြော မေမေက...လေးရဲ့မျက်နှာကိုကြပ်ထုပ်ထိုးပေးနေတာ အားများသွားသည်..။

"အ!...ကျွတ် ကျွတ်...
နာတယ် မေမေ...ကျွတ် ကျွတ်..."

"ကျွတ် ကျွတ်...
မေမေ အားပါသွားမယ်...
မင်းမျက်နှာကိုပြင်ထား ညီညီ...
လူလေးကြည့်တော့ အသက်၂၀ကျော်ပဲရှိသေးတယ်...
အခုတော့ ကလေးအဖေဖြစ်နေပြီ...
မနက်ဖြန် ဟိုကလေးမလေးအိမ်ကိုသွားဖို့ပြင်ထား..."

မေမေက ကြပ်ထုပ်ထိုးပေးနေရင်း..မျက်နှာကိုစူပုတ်ပြီးထိုင်နေတဲ့ ညီညီ့ကိုလည်း လှမ်းဆူနေသည်..။

"ကျွန်တော်သူ့ကိုမယူနိုင်ဘူးလို့ပြောထားတယ်လေ..."

"အဲ့တာဆို အဲ့ကလေးမဗိုက်ထဲက ကလေးကိုဖျက်ချခိုင်းမလို့လား...ဟမ်...."

"မသိဘူးဗျာ...
သူတို့ဘာသာ လုပ်ချင်သလိုလုပ်ပါစေ..."

"ဖြန်း!...ညီညီ မင်း မိကောင်းဖခင်သားသမီးဆို မင်းဒီလိုမပြောသင့်ဘူး..."

ပြောလည်းပြော..မေမေလည်း သူမရဲ့သားငယ်ကိုလှမ်းရိုက်လိုက်သည်..။

"မေမေကလည်း...
မေမေမသိပါဘူးဗျာ...သူတို့မောင်နှမကကောင်းတာမဟုတ်ဘူး..."

"ညီညီ အဲ့လိုမပြောရဘူးလေ..."

"ကိုကိုပဲ အကုန်လုံးကိုအကောင်းမြင်နေလိုက်..
မပြောချင်တော့ဘူး..." ဆိုပြီး ညီညီက ထိုင်နေရာကထကာ..သူ့အခန်းသူဝင်သွားလေသည်..။

"မနက်ဖြန် အသင့်ပြင်ထားနော်...
ကလေးမလေးအိမ်သွားရမယ်..."

"ကျွန်တော်မသွားဘူးလို့ ပြောပြီးပြီ..."

"ဟဲ့ မသွားလို့ရမလား...
ငါနော် မပြောလိုက်ချင်ဘူး...
ငါ့သားလူပျိုလေးရှိနေလို့..."

"အဟက်...သွေးတိုးနေပါ့မယ် မေမေရာ...
ပြောမနေပါနဲ့တော့...
မနက်ကျ ညီညီလိုက်မှာပါ...
ကျွန်တော်လည်း ဖြောင်းဖြပေးပါ့မယ်..."

"အေးအေး...မေမေ့သားကြီးလို အေးဆေးသားမျိုးဆို မေမေဒီလောက်ထိပြောနေရမှာမဟုတ်ဘူး...
အခုတော့ ဒီလူမိုက်ကြောင့် ပြောနေရပြီ..."

Lay (ေလး) (completed)Where stories live. Discover now