"ရောင်ဝါ စိတ်ထိန်းပါကွာ..."
"ကျွန်တော်ဘယ်လိုလုပ်စိတ်ထိန်းနိုင်မှာလဲ?လေးရာ...
ဒီလူက သူငယ်ချင်းအချင်းချင်း လုပ်ရက်တာလေဗျာ...""ဟင်း...အေးပါကွာ...
သူ့ပုံစံကြည့်ရတာလည်း..စိတ်မမှန်သလိုပဲ...
ဒေါသကိုရှေ့တန်းမတင်ပါနဲ့ ရောင်ဝါရာ...""ဟုတ်..."
လေးလည်း..ဒေါသထွက်နေတဲ့လေးကိုလက်မောင်းလေးကိုပွတ်ပေးလိုက်ပြီး..စိတ်ပြေစေလိုက်သည်..။
"ရောင်ဝါ..." ဆိုပြီး..လေးနဲ့ရောင်ဝါတို့ဘေးနားကခုံမှာ သူရိန်လည်းလာထိုင်လေသည်..။
"ကိုသူရိန်...ကိုသူရိန် သိနေရက်နဲ့ဘာလို့အစောကတည်းက မပြောရတာလဲ?.."
"ငါတောင်းပန်ပါတယ် ရောင်ဝါ...
ဝဏ္ဏက စိတ်ရောဂါသည်တစ်ယောက်ပါ...
သူငယ်ငယ်လေးထဲက သူ့မိဘတွေကကွဲတော့ သူစိတ်ဒဏ်ရာရခဲ့တယ်...
သူ့ကိုဘယ်သူမှမချစ်ကြဘူးဆိုပြီး စိတ်အားလည်းငယ်ခဲ့တယ်...
ငါတို့၃ယောက်က ကျောင်းအတူတူတက်ခဲ့ကြပေမယ်..တက္ကသိုလ်တက်တော့ ကွဲသွားခဲ့တယ်လေ...""........"
"ရောင်ဖြာနဲ့ဝဏ္ဏက uniချင်းတူတော့...
ဝဏ္ဏက ငါ့ထက်စာရင်ရောင်ဖြာ့ကိုပိုပြီး ခင်တွယ်တယ်လေ...
အတူရှိနေရင်တောင် ရောင်ဖြာ့ကိုပိုပြီးဂရုစိုက်တယ်...
သူ့စိတ်ထဲမှာ ရောင်ဖြာကသူနဲ့တသက်လုံးအတူရှိသွားရမှာလို့တွေးထင်ခဲ့တယ်...
ဒီအကြောင်းတွေအကုန်လုံးကိုလည်း..ငါ့ကိုပြောပြခဲ့တယ်...
ရောင်ဖြာက လေးကိုကြိုက်နေတယ်လို့ သိလိုက်ရတဲ့အခါမှာတော့..သူ လေးကိုမကျေမနပ်ဖြစ်နေခဲ့တယ်...
အဲ့တာကြောင့် လေးသူငယ်ချင်းတွေရှေ့မှာဆို ရောင်ဖြာ့မကောင်းကြောင်းတွေကိုလျှောက်လျှောက်ပြောတယ်...""........"
"ရောင်ဖြာလေးဆီက အဖြေတောင်းတဲ့နေ့က..သူကိုယ်တိုင်ပဲ အကလေ့ကျင့်နေတဲ့လူတွေကို အခန်းပြန်အောင် သွားပြောခဲ့တာ...
ရောင်ဖြာကရှက်ပြီး..လေးကိုမုန်းသွားအောင်လို့ လုပ်ချင်ခဲ့တာလေ...
ရောင်ဖြာအခန်းထဲက ထွက်လာတော့..သူကိုယ်တိုင်ပဲ သူ့တိုက်ခန်းကိုခေါ်သွားခဲ့တာ...
နောက်ပိုင်းတော့..သူခုနပြောတာ မင်းတို့ကြားခဲ့တဲ့အတိုင်းပဲ..."
YOU ARE READING
Lay (ေလး) (completed)
Fantasyအရာအားလုံးဟာ..အကျိုးရှိလို့အကြောင်းဖြစ်လာတဲ့အတွက်..ငါဘာကိုမှစိတ်ထဲမထားပါဘူးမောင်.......