Part-9

7.5K 465 24
                                    

"အ!...ကျွတ်ကျွတ်..."

တကိုယ်လုံး မလှုပ်ချင်လောက်အောင်နာကျင်မှုနဲ့အတူ စေးကပ်ကပ်ကြီးဖြစ်ကာ..လေးတစ်ယောက်နိုးထလာခဲ့သည်..။ မျက်လုံးကိုအသာဖွင့်လိုက်ပြီး..ထထိုင်လိုက်တဲ့အခါ နာကျင်လွန်းလို့ အသံထွက်ပြီးတောင် ညည်းမိသည်..။

အခန်းထဲကိုဝေ့ကြည့်လိုက်တော့..ရောင်ဝါ့ကိုလည်း မတွေ့ရဘူး..။ ကုတင်ပေါ်က လွတ်နေတဲ့နေရာကိုစမ်းကြည့်လိုက်တော့..ဘယ်အချိန်ကတည်းက ထသွားလည်းမသိပေမယ့်..အိပ်ယာခင်းက အေးစက်နေသည်..။

"ရောင်ဝါ...အဟမ်း..."

ရေချိုခန်းထဲများလားဆိုပြ်ီး အော်ခေါ်လိုက်သော်လည်း..အသံကသိပ်မထွက်ဘဲ ဝင်နေသည်လေ..။ အပြင်များသွားနေတာလားလို့တွေ့ပြီး..၁၀မိနစ်လောက်ကုတင်ပေါ်မှာ ထိုင်စောင့်နေပါသော်လည်း..အခန်းထဲသို့ တစ်ယောက်မှပေါ်မလာပေ...။

ကြာတော့..အခန်းထဲမှာ ကိုယ်တစ်ယောက်တည်းဆိုတဲ့ စိတ်ကဝင်လာတော့..ဝမ်းနည်းမိသည်..။ ရေချိုခန်းထဲဝင်မယ်ဆိုပြီး..ဖြေးဖြေးချင်းကုန်းထလိုက်တော့..စောင်ကအောက်ကိုလျှောကျသွားကာ မြင်လိုက်ရသည်က...တကိုယ်လုံးမှာ အဝတ်အစားတစ်ခုမှကပ်မနေဘဲ မိမွေးတိုင်းဖမွေးတိုင်းလို ကိုယ်လုံးတီးဖြစ်နေသည်..။ တစ်ညလုံး ကျွန်တော်ဒီလိုအိပ်ပျော်နေခဲ့သည်လား..။

ရောင်ဝါ ကျွန်တော့်ကိုအဝတ်အစားလေးတောင်ပြန်မဝတ်ပေးထားဘူးလား..။ သူ့ဘက်က လိုလိုချင်ချင်တောင်းလို့ ကျွန်တော့်ဘက်ကပေးခဲ့တာလေ..။ ကျွန်တော့်ကိုအပေါစားလို့ သတ်မှတ်ပြီး မထိချင်မကိုင်ချင်လောက်အောင်..ဘာမှတောင်ပြန်မလုပ်ပေးထားဘူးလား..။ အနည်းဆုံး သန့်ရှင်းရေးမလုပ်ပေးချင်ရင်တောင်..အဝတ်အစားလေးတော့ ပြန်ဝတ်ပေးထားသင့်တယ်မဟုတ်ဘူးလား..။

ရက်စက်လိုက်တာ လို့စိတ်ထဲကနေပဲပြောလိုက်ပြီး..ကုန်းထလိုက်ကာ ရေချိုးခန်းရောက်အောင် ဖြေးဖြေးချင်းလျှောက်သွားလိုက်သည်..။ ရေချိုးခန်းထဲရောက်တော့..မှန်ထဲတွင် မြင်လိုက်ရသည်က တကိုယ်လုံး အနီစက်တွေအများအပြားနဲ့အတူ နီရဲနေသည်..။

မျက်နှာသစ်လိုက်တော့..နှုတ်ခမ်းက ပေါက်နေတာကြောင့်..ရေထိလိုက်သည့်အခါ အလွန်စပ်ပါသည်..။ ရေချိုးခန်းထဲကနေ ပြန်ထွက်လာတော့..အိပ်ယာခင်းအဖြူအပေါ်မှာ ရဲနေတဲ့အကွက်တ်ကွက်ကိုမြင်လိုက်ရသည်..။

Lay (လေး) (completed)Where stories live. Discover now