"အ!...ကျွတ်ကျွတ်..."
တဖြည်းဖြည်း ကိုယ်ဝန်ဟာ လရင့်လာတာနဲ့အတူ..လွှာ့မှာ မနည်းလှုပ်နေရသည်..။
"ဆက်..ဆက်..
ဟာ...လင်းဆက်သွင်!...""ဟမ်...ဟမ်...ဘာလဲ?...
ဘာဖြစ်လို့လဲ?.."မပြောလိုက်ချင်ဘူး...ဘေးနားကနေ မလှုပ်မယှက်နဲ့အိပ်နေတာ မနည်းနိုးနေရတယ်..။
ဘယ်ကတည်းက အိပ်ရေးတွေပျက်နေလည်းမသိဘူး..."ငါ ရှူးပေါက်ချင်လို့...
လိုက်ခဲ့ပေးဦး...""ရှူးပေါက်ချင်တာပဲဟာ...
ကိုယ့်ဘာသာသွားပါလား...ဝါး......""ငါမသွားရဲလို့ပေါ့ဟာ...
ထစမ်းပါ...""ဝါး......အိပ်ကောင်းရေးလည်း မအိပ်ရဘူး...
ထ...သွားမယ်..."ဗိုက်နဲ့မို့ မတော်လဲကျမှာစိုးလို့..သူ့ကိုနိုးတာကို..သူက မလိုက်ခဲ့ချင်သလို ညည်းညူပြီးပြောနေလေသည်..။ အဲ့တာတွေမကြိုက်တာ..လူကို မယူချင်ဘဲ ယူထားရသလိုပုံစံနဲ့..ဝတ္တရားအရ လုပ်ပေးနေသလို ခံစားနေရသည်..။ ဗိုက်ထဲက ကလေးသာမရှိလို့ကတော့..လူကိုအဖက်မတန်သလိုဆက်ဆံမှာ သေချာတယ်..။
"နင် အိပ်ရေးပျက်တယ်မဟုတ်လား...
ရတယ်...ငါ့ဘာသာ သွားမယ်...
နင် ပြန်အိပ်နေ..."ပြောပြီးတာနဲ့ လွှာလည်း ဗိုက်ကြီးနဲ့မနည်းကုန်းထကာ..ထရပ်ပြီး သန့်စင်ခန်းလျှောက်သွားလိုက်သည်..။
"လုပ်ပြီ...အမြဲ စိတ်ကြီးပဲ...
ဘာမှတောင်မပြောရသေးဘူး...ကောက်ဖို့ပဲသိတယ်..." လို့ပြောပြီး..ပွစိပွစိပြောကာ ဆက်လည်းလွှာ့အနောက်ကနေ အမြန်လိုက်လေသည်..။သန့်စင်ခန့်အရှေ့မှာရပ်စောင့်နေလိုက်ပြီး..လွှာထွက်အလာကိုစောင့်နေသည်..။ ခဏကြာတော့..လွှာလည်း ပြန်ထွက်လာသည်..။ ဆက်ကတွဲဖို့လက်လှမ်းလိုက်သော်လည်း..လွှာက အကိုင်မခံဘဲ အရင်ထွက်သွားလေသည်..။ ဆက်လည်း..ခေါင်းကိုသာ လက်၂ဖက်နဲ့စုံကုတ်လိုက်ပြီး..အနောက်ကနေသာ လိုက်ခဲ့လိုက်သည်..။
အခန်းထဲပြန်ရောက်တော့လည်း..လွှာက ကုတင်ပေါ် တစောင်းလှဲပြီးအိပ်နေလေသည်..။ ဆက်လည်း..ဘာမှမပြောနေတော့ဘဲ တံခါးကိုပိတ်ပြီး လွှာ့ဘေးမှာဝင်လှဲလိုက်သည်..။ လှဲအိပ်လိုက်သော်လည်း..ဘေးကနေ တရွှတ်ရွှတ်နဲ့ ငိုနေတဲ့အသံကြောင့် အိပ်လို့မရဖြစ်လေသည်..။
YOU ARE READING
Lay (ေလး) (completed)
Fantasyအရာအားလုံးဟာ..အကျိုးရှိလို့အကြောင်းဖြစ်လာတဲ့အတွက်..ငါဘာကိုမှစိတ်ထဲမထားပါဘူးမောင်.......