"တောက်!...ဒုန်း!...ခလွမ်း..." ဆိုတဲ့အသံတွေနဲ့အတူ..အခန်းထဲမှာ ဖုန်းကွဲစတွေလည်း ပြန့်ကျဲသွားသည်..။
"ဘာလို့လဲ?...
ဘာလို့လဲကွာ...."နေ့လယ်ကဖြစ်လာတဲ့ကိစ္စနဲ့ပတ်သတ်ပြီး..ရောင်ဝါတစ်ယောက် အခန်းထဲမှာ ပေါက်ကွဲနေခြင်းဖြစ်သည်..။
ဒီလောက်ထိမြန်မြန် လေးရဲ့ဘေးမှာ ဟိုကောင့်ကိုမြင်လိုက်ရမယ်လို့..သူမထင်ထားဘူး..။ တွေ့လိုက်ရတဲ့အချိန်မှာလည်း..သူ့စိတ်ထဲမှာ ဘာကိုအလိုမကျလို့ အလိုမကျဖြစ်နေလည်းမသိတော့ဘူး..။
သေချာတာကတော့..လေးကို ဘယ်သူနဲ့မှမတွဲစေချင်ဘူး..။ ရင်ဘက်ထဲက တစ်ခုခုကိုထုတ်ယူလိုက်သလိုခံစားနေရတယ်..။
လေးညှို့သွင်ဆိုတဲ့နာမည်နဲ့လိုက်အောင်..ညှို့ယူနိုင်စွမ်းက အရမ်းကိုပြင်းထန်လွန်းတယ်..။ ခင်ဗျားကလွဲပြီး..ဘယ်သူ့ကိုမှ မမြင်နိုင်လောက်အောင် ကျွန်တော့်ကိုညှို့ထားတာပဲ..။
"ချလောက်!..."
"ဘာဖြစ်တာလဲ?...ဂုဏ်ရောင်...
ဟာ...ဖန်ခွဲစတွေပြန့်ကျဲနေပါလား...
မင်းပေါက်ခွဲထားပြန်ပြီလား...""ဟုတ်..."
"ဟင်း....မင်းတော့နော်...
ဒေါသစိတ်လေးတွေလည်း လျှော့ပါဦး...
အတ္တကြီးတတ်တာကလည်း ဘယ်သူနဲ့တူလို့တူမှန်းမသိဘူး....""ကြီးကြီးကလည်းဗျာ..."
"မင်းရုပ်လည်း မင်းပြန်ကြည့်ပါဦး...
တော်တော်လေးကို ကြောက်ဖို့ကောင်းနေတယ်..
ကိုယ့်ဒေါသကိုယ်ထိန်းလို့ပဲ ကြီးကြီးပြောမယ်..""ဟုတ်..."
"ဆက်မနေနဲ့တော့...စောစောအိပ်တော့..."
"ဟုတ်...ကြီးကြီး..."
ကြီးကြီးထွက်သွားတော့မှပဲ..ရောင်ဝါ ကုတင်ပေါ်မှာ လှဲချလိုက်သည်..။
မင်းသူ့အကြောင်းတွေးမနေသင့်တော့ဘူး ဂုဏ်ရောင်ဝါလွှမ်း...
မင်းက မကြာခင်မှာ သော်တာနဲ့လက်ထပ်ရတော့မှာ...
သူ့အကြောင်းမတွေးနေနဲ့တော့...*************************
"ဗိုက်ဆာတယ် ကြီးကြီး...
ထမင်းစားကြမယ်လေ..."
YOU ARE READING
Lay (လေး) (completed)
Fantasyအရာအားလုံးဟာ..အကျိုးရှိလို့အကြောင်းဖြစ်လာတဲ့အတွက်..ငါဘာကိုမှစိတ်ထဲမထားပါဘူးမောင်.......