Extra-1(Uni)

11.5K 810 18
                                    

"လေး...ဒီနေ့ ကော်ဖီဆိုင်သွားမှာလားဟင်..."

"အင်းလေ...
ဒီနေ့ ကော်ဖီဆိုင်သွားရမှာ...
ဆိုင်ကိုလွှာသွားလိမ့်မယ်..."

"မောင်လိုက်လို့ရလား..."

"ဘာလိုက်လုပ်မှာလဲ?...
hotelမသွားဘူးလား..."

"hotelက ယောက်ဖသွားတယ်လေ...
မောင်က အလုပ်တွေကိုသူ့ကိုလွှဲထားတာပဲဟာ...
မောင်မသွားလို့ဘာမှမဖြစ်ပါဘူး..."

ကော်ဖီဆိုင်သွားခါနီးကို ဘေးနားမှာ အတင်းကပ်ပြီးပြောနေတဲ့ရောင်ဝါကြောင့်..လေးမှာ မငြင်းသာဘဲခေါ်ဖို့ဆုံးဖြတ်လိုက်ရသည်..။

"ဟင်း...အဲ့တာဆိုလည်း လိုက်ခဲ့လေ...
ဒါပေမယ့် လင်းယံနဲ့တည့်အောင်နေနော်...
မင်းတို့စကားများရင်..သန့်စင်လည်း ကြားထဲက အနေခက်မယ်.."

လင်းယံဆိုတာက သန့်စင်ရဲ့ချစ်သူ...
လင်းယံက သန့်စင်ဆိုင်ကိုလာတဲ့နေ့တိုင်းအမြဲပါလာနေကျဖြစ်သည်..။ လေးနဲ့ရောင်ဝါပါ ပါလာတဲ့နေ့တွေဆို ရောင်ဝါနဲ့တကျက်ကျက်စကားများတတ်သည်..။

"အင်းပါဗျာ...
အဲ့ကောင်က ဆိုင်မှာဘာမှဝိုင်းမလုပ်ဘဲ ထိုင်နေလို့..ကျွန်တော်ကပြောနေရတာပါ...
အဲ့ သန့်စင်လည်းအတူတူပဲ...
သူ့လူဘေးနားကပ်နေပြီး ဘာမှဝိုင်းမလုပ်ဘူး...
မောင့်အချစ်လေးတစ်ယောက်တည်း လုပ်နေရတာမကြည့်ရက်လို့ပြောမိတာပါ..."

"အဟက်...
ငါ့ဘေးနားမှာ မောင်ရှိတာပဲ...
ပင်ပန်းတယ်လို့ကို မရှိပါဘူး.."

"အား!...မောင့်ကို အသဲယားပြီး ရူးစေချင်နေတာလားဟမ်..."

"အ!...မောင် မကိုက်နဲ့လေ.."

အသဲယားတယ်ဆိုပြီး ပါးကိုကိုက်လာတဲ့ရောင်ဝါကြောင့်..လေးမှာ တွန်းနေပေမယ့် တွန်းလို့မရဘဲအကိုက်ခံလိုက်ရသည်..။

"အ!...မောင် ဆိုင်သွားရဦးမှာကို...
သွားရာတွေထင်ကုန်တော့မှာပဲ..."

"ထင်ထင်ပေါ့...
ဒါနဲ့ လေး ဒီနေ့ဆိုင်မသွားနဲ့တော့...
မောင်တို့ အိမ်မှာပဲ...ဟင်းဟင်း..."

"ဖြန်း!...မောင်!...
ညကတင်ပေးထားပြီးပြီကို...
ထ..သွားမယ်...
ဘူးဖို့ပဲချောင်းနေတယ်..."

Lay (ေလး) (completed)Where stories live. Discover now