Extra-3(Uni)

15.5K 914 27
                                    

"မောင် မအိပ်သေးဘူးလား..."

"ခဏလေးပဲနော်...
နည်းနည်းလေးပဲကျန်တော့တယ်..."

မျက်မှန်ကြီးတပ်ပြီး laptopကိုကြည့်နေတဲ့ရောင်ဝါ့ကိုမေးလိုက်ခြင်းဖြစ်သည်..။

"လေး အိပ်ချင်အိပ်တော့လေ...
မောင်ပြီးတာနဲ့လာခဲ့မယ်..."

"ပြီးခါနီးမဟုတ်လား စောင့်နေမယ်..."

"အင်းအင်း..."

လေးလည်း အလုပ်လုပ်နေတဲ့ရောင်ဝါ့ကိုကြည့်ပြီး လေးတစုံတယောက်ကိုတောင် မြင်ယောင်နေမိသည်..။
မောင်အခုလိုမျက်မှန်တပ်ထားတာ အဲ့ကောင်လေးနဲ့အရမ်းတူတာပဲ..

"ဟေ...မောင့်ကိုစိုက်ကြည့်ပြီး ဘာတွေပြုံးနေတာလဲ?..."

"ဟင်...ဘာမှမဟုတ်ပါဘူး..."

ရောင်ဝါလည်း လူကိုစိုက်ကြည့်ပြီးပြုံးနေတဲ့လေးကြောင့် laptpopကိုပိတ်လိုက်ပြီး လေးရှိရာကုတင်ပေါ်ကိုတက်လာလိုက်သည်..။ မျက်မှန်ကိုချွတ်ကာ အံဆွဲထဲထည့်သိမ်းလိုက်ပြီး လေးရဲ့ဘေးမှာဝင်လှဲလိုက်သည်..။

"မောင့်ကိုမလိမ်နဲ့...
လေးတစ်ခုခုတွေးနေတယ်ဆိုတာ မောင့်သိတယ်...မြန်မြန်ပြောနော် မဟုတ်ရင် မလွယ်ဘူးမှတ်..."

"မောင်ကတော့လေ...
ငါပြောပြပါ့မယ်...
မောင်အခုလိုမျက်မှန်တပ်ထားတာလေ ငါတွေ့ဖူးတဲ့ကောင်လေးတစ်ယောက်နဲ့တူလို့ပြုံးမိတာပါ..."

"ဘယ်သူလဲ?...
ဘယ်ကကောင်လဲ?...
လေးရဲ့exလား?..."

"ဟိုး ဟိုး ပြောပြတာလည်းဆုံးအောင်နားထောင်ပါဦးမောင်ရယ်...
အဲ့ကောင်လေးက ငါတို့ second yearလား third yearလားမသိဘူး...
သြော် ငါတို့ကော်ဖီဆိုင်ဖွင့်ပြီးတဲ့အချိန်ကဖြစ်မယ်..."

"အင်း...ဘာဖြစ်လဲ?..."

"အဲ့အချိန်က ငါ့ကိုလာကြည့်တာလား ဒါမှမဟုတ် ဆိုင်ကိုပဲလာကြည့်တာလားတော့မသိဘူး ကောင်လေးတစ်ယောက်ခဏခဏလာချောင်တတ်တယ်..."

"ဟုတ်လား...
အဲ့ကောင်နဲ့အခု ခင်သွားပြီလား..."

"မဟုတ်ပါဘူး...
အခု သူတောင်ဘယ်ရောက်လို့ရောက်နေမှန်းတောင်သိမှာမဟုတ်ဘူး..."

You've reached the end of published parts.

⏰ Last updated: Apr 29, 2022 ⏰

Add this story to your Library to get notified about new parts!

Lay (ေလး) (completed)Where stories live. Discover now