"လွှာ...ဒီကားက ဘယ်ကနေဘယ်လိုအခန်းထဲရောက်နေတာလဲ?...
ဘယ်သူဝယ်ခဲ့တာလဲ?..""သြော်...ကိုကိုဝယ်ခဲ့တာလေ...
ကလေးလေးအတွက်တဲ့...""နင့်အကို အခုရက်တောတွင်း အိမ်ကိုနေ့တိုင်းလာနေသလိုပဲနော်..."
"အေးလေ...ငါမီးဖွားမယ့်နေ့ နီးလာလို့လေ..."
"ဟုတ်လား...
သူလာတဲ့အချိန်ကလည်း..ငါမရှိတဲ့အချိန်တိုင်းလာနေတာပဲ...""ဟင်း....အဲ့တာကတော့ တိုက်ဆိုင်သွားတာနေမှာပါ..."
"အဲ့တာဆို..အခု ကိုကိုဘယ်သွားလဲ?.."
"ကိုကိုနဲ့ ရုပ်ရှင်သွားကြည့်မယ်ဆိုပြီး ပါသွားတာပဲ..."
"ဘာ!!..."
'ဘာ' ဆိုပြီး အော်လိုက်တဲ့ဆက်ကြောင့်..လွှာ့မှာ နားကိုပိတ်လိုက်ရသည်..။ အော်တာဆိုတာ..ကြောက်စရာကောင်းတဲ့အသံကြီးနဲ့...ဟူး........
"ဟဲ့...ဘယ်လိုဖြစ်လို့အော်တာလဲ?...
ကလေး လန့်သွားပြီလားမသိဘူး...ကျွတ်ကျွတ်...""sorry sorry...ဖေဖေ့ကလေးလေး လန့်သွားတာလား...ကျွတ်ကျွတ်...."
သူ့ကလေး လန့်သွားတယ်လည်းပြောလိုက်ရော..ချက်ချင်းအသံပြောင်းသွားပြီး..ဗိုက်ကိုလက်နဲ့လာပွတ်ပေးနေသည်..။ သူ့ကလေးကျတော့..သိတတ်တယ်..။
"ကိုကိုက အမှတ်မရှိတာလား...
ကိုယ့်အပေါ်မကောင်းတဲ့လူနဲ့လိုက်သွားရတယ်လို့...""နင်ပြောနေတာ ငါ့အကိုနော်...
ကိုလေးနဲ့ကိုကိုက ပြန်အဆင်ပြေသွားလို့နေမှာပေါ့...
ငါလည်း ကိုလေးအပေါ်မှာမကောင်းတာပြောခဲ့အတွက် ငါ့ကိုယ်ငါနောင်တရတယ်...
တကယ်လို့ ကိုကိုနဲ့ကိုလေးသာ အရင်လိုပြန်တွဲမယ်ဆိုရင်လည်း ငါသဘောတူပေးမှာ...""ငါသဘောမတူဘူး...
ငါ့အကိုကို ဘယ်သူနဲ့မှသဘောမတူဘူး...""အဖြစ်သည်းနေသေးတယ်...
ထမင်းစားချင်တယ်..လာ ထမင်းလိုက်ကျွေး...""ကိုယ့်ဘာသာထည့်စားပါလား...
ခြေတွေလက်တွေအကောင်းကို...""ဟဲ့ နင့်သားလားသမီးလားမသိဘူး...
ကလေးလေးက နင်ခွန့်ကျွေးမှဝင်တာကိုဟဲ့..."
VOCÊ ESTÁ LENDO
Lay (လေး) (completed)
Fantasiaအရာအားလုံးဟာ..အကျိုးရှိလို့အကြောင်းဖြစ်လာတဲ့အတွက်..ငါဘာကိုမှစိတ်ထဲမထားပါဘူးမောင်.......