"လွှာ...နောက်ကျလှချည်လား..."
"အေး...ဒီနေ့က ကိုကြီးဆုံးတာ၅နှစ်ပြည့်လေ...
ဘုန်းကြီးကျောင်းကိုဆွမ်းသွားပို့နေလို့..""သြော်..ဟုတ်လား..."
"အေး...ဒါနဲ့ ဆက်ရောမတွေ့ပါလား...
မလာသေးဘူးလား...""မိလွှာတို့ကတော့ လုပ်ပြီ...
နင်မျက်လုံးထဲမှာ လင်းဆက်တစ်ယောက်ပဲမြင်တာလားဟယ်...
ငါတို့ကပဲ မရှိသင့်တဲ့လူတွေကျနေတာပဲ..""အဟက်...မဟုတ်ပါဘူးဟာ...
ငါက မတွေ့လို့မေးတဲ့ဟာကို...""မိလွှာရာ နင့်အကြောင်းကိုငါတို့ကမသိရှာဘူးဆိုတော့..."
"ဟုတ်ပါ့...နင်တို့၂ယောက်တွဲရင်တွဲလိုက်ကြတော့....
ငါတို့မျက်စိနောက်နေပြီ...""အဟက်...ရှင်တို့လူကမှ ကျွန်မကိုမဖွင့်ပြောတာကို..."
"အံမယ်...အံမယ်...
အဲ့တာဆို..ရှင်က ဟိုကဖွင့်ပြောရင် လက်ခံမယ်ဆိုတဲ့သဘောပေါ့...""အင်း....ဟီးဟီး...
မပြောနဲ့တော့ဟာ...ငါရှက်တယ်...
ဟာ....ဟိုမှာ လာနေပြီ...
နင်တို့ဘာမှမပြောနဲ့တော့နော်...""အခုမှ လာရှက်နေသေးတယ်...
ခုနကတော့ သူမဟုတ်တဲ့အတိုင်းပဲ...""တော်တော့ဟာ...မပြောနဲ့တော့..."
သူငယ်ချင်းတွေကရယ်နေကြပေမဲ့..ပန်းဝတ်လွှာလွှမ်းမှာတော့ မျက်နှာကြီးနီရဲကာ အရှက်ပိုနေသည်..။
"ဘာတွေရယ်နေကြတာလဲ?..."
သူငယ်ချင်းတွေရယ်နေကြတာမို့..ထိုင်ခုံမှာမထိုင်ရသေးခင် လင်းဆက်သွင်မေးလိုက်သည်..။
"ဘာဖြစ်လို့လဲဆိုတော့..."
"ဘာမှမဟုတ်ပါဘူးဟာ...
သူတို့သိတဲ့အတိုင်း အမြဲရယ်နေကြတာ...""သြော်....ဒါနဲ့ ဇင်မောင်ရော မလာသေးဘူးလား..."
"အေး...မလာသေးဘူး...
ငါ့ကိုနောက်ကျမယ်လို့ပြောတယ်...""သြော်..."
"ဒါနဲ့ နင်ကရော ဘာလို့နောက်ကျနေတာလဲ?..."
"သြော်...အဲ့တာက ကိုကိုလေ...
ဘုရားသွားမယ်ဆိုလို့ ငါလည်းအတူလိုက်သွားလိုက်တာ...
အခုလည်း သူလိုက်ပို့တာလေ..."
YOU ARE READING
Lay (ေလး) (completed)
Fantasyအရာအားလုံးဟာ..အကျိုးရှိလို့အကြောင်းဖြစ်လာတဲ့အတွက်..ငါဘာကိုမှစိတ်ထဲမထားပါဘူးမောင်.......