Part-1

54.7K 1.1K 12
                                    

"မဟုတ်ဘူး...ငါ့ကြောင့်မဟုတ်ဘူး...
ငါ့ကြောင့်မဟုတ်ဘူး....
ငါတောင်းပန်ပါတယ် ရောင်ဖြာရာ...
ငါ့ကြောင့်မဟုတ်ဘူး မလားဟင်...
ငါ့ကြောင့်မဟုတ်ဘူး...မဟုတ်ဘူး..." လို့အော်ပြီး ချွေးတွေစိုရွှဲကာ ကျွန်တော်တရေးနိုးလာမိတယ်..။ ဒီအရိပ်မည်းကြီးအောက်က ဘယ်တော့မှ ကျွန်တော်လွတ်မှာလဲ?...

"ဒေါက်!...ဒေါက်!..."

"လေး သားဘာဖြစ်တာလဲ?..." ဆိုတဲ့ အခန်းရှေ့ကနေ မေမေ့ရဲ့မေးသံကိုကြားမှ ကျွန်တော့်ရဲ့အတွေးတွေပျောက်သွားသည်။

"ဘာမှမဖြစ်ဘူး မေမေ...
ကျွန်တော် လန့်ပြီးအော်မိသွားတာ..."

"ဟင်း...သား အိပ်မက်ဆိုးတွေမက်ပြန်ပြီလား..."

"ဟုတ်...မေမေ...
မေမေ အိပ်ရေးပျက်နေဦးမယ် ပြန်အိပ်တော့နော်...
သားလည်းပြန်အိပ်တော့မယ်...."

"အေးအေး...ဘုရားရှိခိုးပြီးမှအိပ်နော်..."

"ဟုတ်...မေမေ..."

"အေးအေး..." လို့ ပြောပြီး မေမေ အခန်းရှေ့ကထွက်သွားတဲ့အသံကြားမှပဲ အသက်ကိုပြင်းပြင်းရှူထုတ်မိတော့သည်။

ချွေးတွေစိုရွှဲပြီးထိတ်လန့်နေတဲ့မျက်နှာကို မေမေ့ကိုမမြင်စေချင်တာကြောင့် မေမေ့ကို တံခါးမဖွင့်ပေးဘဲ အခန်းထဲကနေ ပြောလိုက်ခြင်းဖြစ်သည်။

ကိုယ့်ကြောင့် အသက်တစ်ချောင်းဆုံးရှုံးသွားရပြီလို့ တွေလိုက်မိတိုင်း ဘယ်လိုမှဖြေသိမ့်လို့မရခဲ့ဘူး..။ အရင်ကဆို နေ့တိုင်းလိုလို အခုလိုအိပ်မက်မက်တယ်..။ ကျွန်တော်အိပ်မရခဲ့တဲ့ရက်ပေါင်းကလည်း မနည်းတော့ဘူး...။

ဦးဇင်းဝတ်ကြည့်ပါလား သားရယ် ဆိုတဲ့ မေမေ့ရဲ့လမ်းညွှန်မှုကြောင့် ကျွန်တော်ဦးဇင်းဝတ်ဖြစ်ခဲ့သည်။ တရားထိုင်ဖြစ်တဲ့အတွက် တဖြည်းဖြည်း အိပ်မက်ဆိုးမက်ခြင်းက လွတ်မြောက်ခဲ့သည်။ အခုတစ်ခါမက်သည်က အချိန်အတော်ကြာမှ မက်ခြင်းဖြစ်သည်။

အရာအားလုံးရဲ့အစကတော့..ကျွန်တော့်ရဲ့ ဆယ်ကျော်သက်အချိန်တုန်းကပါပဲ..။ မိဘတွေက ကြွယ်ဝချမ်းသာတော့ အပေါင်းအသင်းဆိုတာလည်း များခဲ့တယ်..။ ကျွန်တော်က ဆိုးသွမ်းတဲ့လူငယ်တစ်ယောက်မဟုတ်သော်ငြား အပေါင်းအသင်းတော့ အရမ်းခင်တွယ်ခဲ့သည်..။

Lay (လေး) (completed)Tempat cerita menjadi hidup. Temukan sekarang