Part-6(Uni)

12.4K 1K 11
                                    

"အဲ့တာဆို တကယ်ပဲနင်တို့တွဲနေကြပြီပေါ့..."

"အင်း..."

"ဘယ်အချိန်ကတည်းကလဲ?..."

"တစ်ပတ်လောက်ပဲရှိပါသေးတယ်..."

"ဘာ!...တစ်ပတ် ဟုတ်လား....
လေး နင်တကယ်လျှိုထားတာပဲ..."

"လျိုထားတာမဟုတ်ပါဘူး ဖြိုးရာ...
ငါလည်း ပြောခွင့်မကြုံသေးလို့ပါ..."

"ဘာပဲဖြစ်ဖြစ်ဟာ နင့်အတွက်ငါတို့ congratsလုပ်ပါတယ် ချီးယားစ်.." ဆိုပြီး စိုးက သောက်နေတဲ့ကော်ဖီခွက်ကိုမြှောက်ပြီးပြောလာတာမို့ ကျွန်တော်တို့အားလုံးလည်း ကော်ဖီကိုမြှောက်လိုက်ကြပြီး စိုးအလိုကျ ချီးယားစ် ဆိုပြီး ပြန်ပြောလိုက်သည်။

"လေး...ငါ မင်းနဲ့ စကားခဏပြောချင်တယ် လိုက်ခဲ့ပါလား..."

"ဟဲ့...သန့်စင် ငါတို့ရှေ့မှာပြောတော့ ဘာဖြစ်မှာမို့လို့လဲ?..."

"နင်တို့ရှေ့မှာ မပြောချင်လို့ပေါ့ဟာ...
လေး ခဏလောက်လိုက်ခဲ့ပေးပါ..."

"အေး...သွားလေ..."

သန့်စင်က လူရှင်းတဲ့ထောင့်စွန်းဝိုင်းနားကိုခေါ်သွားပြီး ထိုင်စေတယ်။

"ပြော...ငါ့ကို အရေးတကြီးခေါ်ပြီး ဘာပြောမလို့လဲ?..."

"အင်း...ဟိုနေ့က မင်းတို့ကိုcenterမှာတွေ့လိုက်တယ်..."

"အဲ့တာ ဘာလို့လှမ်းမခေါ်တာလဲ?.."

"ဟင်း...မင်းကို ကော်ဖီဆိုင်မှာတွေ့တာ...
မင်းက ဟိုကောင့်ရဲ့ဖိနပ်ကြိုးကိုချည်ပေးနေတာကို တွေ့လိုက်ရတယ်...
မင်းအဲ့ကောင်ကို အဲ့လောက်ထိလုပ်ပေးစရာမှမလိုတာ...ကျစ်..."

"တော်ပြီ သန့်စင် ထပ်မပြောနဲ့တော့...
ငါအဲ့လိုလုပ်ပေးတယ်ဆိုတာ ငါ့စိတ်ထဲကပါလို့လုပ်ပေးတာ...
မင်းပြောစရာမလိုဘူး..."

"ကျစ်...လေး...
အဲ့ကောင်က မင်းကိုတမင်လုပ်ခိုင်းနေတာလေ..မင်းကွာ မင်း..."

"အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ငါ့ဘက်ကဘာမှမပြောချင်တော့ဘူး..."

"ဟင်း...လေး မင်း မင်းကွာ..."

"ဒါပဲမလား မင်းပြောလို့ပြီးရင်ငါသွားတော့မယ်...
ဒီကိစ္စကို မင်းသူငယ်ချင်းတွေကိုပြန်ပြောလို့လည်းရတယ်...ငါက ဘာမှမဖြစ်ဘူး..."

Lay (ေလး) (completed)Where stories live. Discover now