Part-2(Uni)

18.2K 1.3K 4
                                    


Ringing...Ringing...

"Hello!..လေး.."

"အေး...ဖြိုးပြော..."

"ဒီနေ့ နင့်ကိုလူတစ်ယောက်လာရှာတယ်..."

"ဟင်...ငါ့ကိုလာရှာတယ်...
ဘာကိစ္စရှိလို့တဲ့လဲ?.."

"ဘာမှတော့မပြောဘူး...
လေးညှို့သွင် ဆိုင်ကိုမလာဘူးလားလို့ပဲမေးတယ်...
ငါလည်း နင်က ကြာသပတေးနေ့မှလာတာ...
ကျန်တဲ့နေ့တွေတော့ နင့်ရဲ့ပိုးထည်ဆိုင်မှာပဲရှိတယ်လို့ပြောလိုက်တယ်.."

"အင်း...သူ့နာမည်က ဘာတဲ့လဲ?..."

"ဂုဏ်ရောင်ဝါလွှမ်း တဲ့.."

"သြော်..."

"ပြီးတော့လေ...ငါ့ကို မဆူနဲ့နော်...
မဆူရင် ပြောပြမယ်..."

"အင်း...မဆူဘူး..ပြော.."

"ဟို...ဟို...သူက နင့်ဖုန်းနံပါတ်တောင်းတာနဲ့ ငါပေးလိုက်တယ်..."

"ဘာ!!.."

"သူက ချောချောလေးဆိုတော့ ငါလည်းပေးလိုက်တာ..."

"သူချောတာနဲ့ ငါ့ဖုန်းနံပါတ်နဲ့ဘာဆိုင်လို့လဲ?..."

"နင်ကလည်း ဟိုကနင့်ကိုစိတ်ဝင်စားနေတာလားမသိဘူး...
အဲ့တာ ငါလည်း နင်တို့ကိုဖြစ်စေချင်တဲ့ဆန္ဒနဲ့ ပေးလိုက်မိတာ..."

"ကျစ်....သူနဲ့ငါကတစ်ခါတည်းတွေ့ဖူးရုံနဲ့ ငါ့ကိုစိတ်ဝင်စားတယ်ဆိုတာ မဖြစ်နိုင်ပါဘူးဟာ..."

"ငါ သူ့ကိုခန့်မှန်းကြည့်ရသလောက်တော့ သူနင့်စိတ်ဝင်နေတယ်ဆိုတာသေချာတယ်.."

"ဟင်း....ဘာပဲဖြစ်ဖြစ်ဟာ...
နင် နောက်ခါအဲ့လိုမလုပ်နဲ့တော့..."

"အေးပါဟာ...
ဒါနဲ့ နင်တို့၂ယောက်လိုက်တယ်သိလား..."

"မိဖြိုး!..."

"ဒါပဲ ဒါပဲ...ဟီးဟီး..." ဆိုပြီး မိဖြိုးက ပြောချင်ရာပြောပြီး ဖုန်းချသွားသည်။

ဘယ်လ်ိုမှန်းမသိဘူး...
မိဖြိုးတို့ကတော့ ယောက်ျားလေးအချင်းချင်း ဖုန်းနံပါတ်တောင်းတာ အထူးအဆန်းလုပ်လို့ အဟက်...

"တင်!..." ဆိုပြီး မက်ဆေ့ခ်ျဝင်လာတာမို့ဖွင့်ကြည့်လိုက်တော့...

* Good night ပါနော် Lay 💞 *

ဆိုပြီး ပို့လာတယ်။ ဖုန်းနံပါတ်ကအစိမ်းပေမဲ့ ဘယ်သူဆိုတာ သိတာမို့ စာပြန်ပ်ို့မနေတော့ဘဲဖုန်းကိုပိတ်ကာ အိပ်လိုက်သည်။ စိတ်ထဲမှာတော့ နည်းနည်းတော့ ကြည်နူးနေမိသည်..။

Lay (ေလး) (completed)Donde viven las historias. Descúbrelo ahora