Part-7(Uni)

12.3K 1.1K 25
                                    

"ချီးယားစ်!.." ဆိုတဲ့အသံနဲ့အတူ ခွက်ချင်းတိုက်တဲ့အသံတွေလည်း ထွက်ပေါ်လာသည်။

"ကဲ...ဒီနေ့မှ ဆုံဖြစ်ကြတာ သောက်ကြဟာ.." ဆိုပြီး ဖြိုးကပြောကာ တစ်ခွက်ကိုမော့ချနေသည်။

"မိဖြိုး ကြည့်သောက်...
ငါပြန်လိုက်မပို့နိုင်ဘူးနော်..."

"လေး နင်မသောက်နိုင်ဘဲနဲ့ ငါ့ကိုလာမပြောနဲ့...
ငါတို့သူငယ်ချင်းတွေဆုံတုန်းလေးပဲ သောက်ရတာ..."

"နင်ကတော့နော်...ဟင်း......"

"ဟဲ့...ကောင်းခန့် နင်ကလည်းနော် ဆိုင်ကိုလာဖို့ရေးကိုပင့်နေရတာပဲ..."

"မဟုတ်ပါဘူးဟာ...
ငါလည်း ဆေးခန်းနဲ့ဆေးရုံကို တစ်လှည့်စီသွားနေရတာနဲ့ မလာဖြစ်တာပါ..."

"ဆင်ခြေတွေဆင်လက်တွေချည်းပဲ..."

"မိဖြိုးရာ နင်ဟာလေဘာမှတောင်မသောက်ရသေးဘူး ရစ်နေပြ်ီ..."

"တိတ်စမ်း သန့်စင် နင်ကရော ဘာထူးလဲ?...
လေးလာတဲ့နေ့မှလာတယ် လေးမလာရင်မလာဘူး...
တော်တော်ကောင်းတဲ့ကောင်တွေ...
ငါတို့မိန်းကလေး၂ယောက်ကပဲ ဆိုင်ကိုကြည့်နေရတယ်..ဟွန်း...."

"ပြောတော့မယ် ဖြိုးရာ..."

"ငါက အမှန်တွေပြောနေတာ...အေ့..."

"တော် တော်...မိဖြိုး နင်ရေချိန်ကိုက်နေပြီ...
ဆက်မပြောနေနဲ့တော့...
စိုး နင်သူ့ကိုထိန်းပါဦးဟာ..."

"အေးပါဟာ...ငါလည်း ထိန်းနေတာပဲ...
မိဖြိုးကိုက မူးပြီဆို စကားများတတ်တာလေ..."

ကျန်တဲ့သူငယ်ချင်းများက တစ်ခွက်ပြီးတစ်ခွက်သောက်နေကြပေမယ့် လေးကတော့ ချထားတဲ့အမြည်းတွေကိုသာစားနေသည်။ ဘာလို့ဆို လေးက အရက်များများသောက်လို့မရဘူး။ ၁ခွက် ၂ခွက်ထက်ကျော်လာပြီဆို လေးအတွက် နိုးလာမယ့်မနက်ခင်းမှာ allergicဖြစ်ပြီး ခန္ဓာကိုယ်အနှံ့မှာ အဖုအပိမ့်တွေထွက်တတ်လို့ပါပဲ။

ဒီအကြောင်းသိတဲ့သူငယ်ချင်းတွေဟာလည်း လေးကို ဘယ်တော့မှ အရက်များများမသောက်ခိုင်းပါဘူး။ အဲ့တာကြောင့် အိမ်ပြန်ခါနီးတိုင်း လေးကပင်အကုန်လုံးကိုဝိုင်းတွဲပြီး လိုက်ပို့ပေးရသည်။

Lay (ေလး) (completed)Where stories live. Discover now