Part-30(Uni)(Final)

18.8K 1K 31
                                    

လေးတို့အိမ်ရဲ့ဧည့်ခန်းထဲမှာတော့..မေမေနဲ့ကြီးကြီးတို့က မျက်နာချင်ဆိုင်ထိုင်နေကြပြီး..ရောင်ဝါနဲ့ဆက်ကတော့ တစ်ယောက်နဲ့တစ်ယောက်နဲ့ အပြိုင်ကြည့်နေကြသည်မှာ..နဂါးသာဆို ၂ယောက်လုံးပြာကျနိုင်သည်..။ လေးကတော့..သားသားကိုချီထားပြီး..လွှာနဲ့အတူ အောက်မှာဆင်းထိုင်နေသည်..။

"ဂုဏ်ရောင်ရယ်...ကြီးကြီးက သဘောမတူဘူးလည်းမပြောပါဘူး...
အခုတော့..မင်းလုပ်ပုံက အမသွင်တို့ကို အားနာစရာဖြစ်ကုန်ပြီ..."

"ကြီးကြီးကလည်း...
လေးက ကျွန်တော့်ကိုအတင်းထိုးပေးနေတော့..ကျွန်တော်လည်း ခိုးပြေး.."

"ယောက်ျားလေး၂ယောက် ချောင်းသာကိုခရီးထွက်တာကို ခိုးပြေးတယ်လို့သတ်မှတ်လို့မရပါဘူး...ကိုဂုဏ်ရောင်..."

"ဒါပေမယ့်..ငါက လေးကိုခိုးပြေးတာလား..."

"ယောက်ျားလေးအချင်းချင်းပဲ ဘာမှမဖြစ်ပါဘူး.."

"ငါတို့က လင်မယားအရာမြောက်ပြီးပြီနော်.."

"ဂုဏ်ရောင်.." "ကိုကို.." "ရောင်ဝါ.."

ပြောလိုက်တဲ့ရောင်ဝါကတော့..ခပ်တည်တည်ပဲပြောလိုက်ပေမယ့်..ကြားလိုက်ရတဲ့လူအားလုံးကတော့..ရောင်ဝါစကားကြောင့် ရှက်ပြီး ရောင်ဝါကိုခေါ်လိုက်ကြသည်..။ လေးရဲ့မေမေဆိုရင်လည်း..ကြားလိုက်ရတဲ့စကားကြောင့် မျက်နှာကိုအောက်ကိုငုံ့ထားမိသည်..။

ကြီးကြီးနဲ့လွှာမှာတော့ လေးတို့ကိုအားနာနေကြသည်..။ ဆက်ကတော့..ရောင်ဝါ့ကို ပိုပြီးသာစိုက်ကြည့်နေလေသည်..။ လေးမှာတော့..ရှက်လွန်းလို့ သားသားဆီကိုသာ အကြည့်လွှဲထားလိုက်သည်..။

"ဟင်း....ဖြစ်ပြီးတာတွေဖြစ်ပြီးမှတော့ မင်းဘာဆက်လုပ်မလဲ?ဂုဏ်ရောင်..."

"လေးကို အိမ်ခေါ်သွားရုံပဲရှိတော့တာပေါ့..."

"အဲ့လိုလုပ်လို့ရမလားဗျ...
ကိုကိုက ကျွန်တော်တို့နဲ့ပဲအတူနေရမှာ..."

"အို...လေးက ငါ့အပိုင်ဖြစ်သွားပြီ...
ငါနဲ့ပဲအတူနေရမှာ...
ပြီးတော့..မကြာခင် လေးကိုလက်ထပ်မှာ.."

"ခင်ဗျား အလွယ်ပြောနေတာပဲ...
ခင်ဗျားတို့လက်ထပ်တာက..."

"ငါက ဖြစ်နိုင်ရင်ဖြစ်တယ်...
အဲ့တော့ လေးကိုငါ့အိမ်ခေါ်သွားမယ်..."

Lay (ေလး) (completed)Donde viven las historias. Descúbrelo ahora