Part-28(Uni)

13.1K 925 23
                                    

    တစ်ကိုယ်လုံးတင်းကျပ်စွာ အဖက်ခံထားရမှုနဲ့အတူ..လေးတစ်ယောက်လှုပ်လို့မရဘဲ နိုးလာခဲ့သည်..။ အိမ်မှာ လက်ကိုင်ပဝါနဲ့အုပ်ခံလိုက်ရတဲ့အချိန်ထဲက..လေးတစ်ယောက်မေ့လဲသွားတာ..အခုချိန်မှပဲ ပြန်နိုးလာခဲ့သည်..။

လူကိုတင်းတင်းကျပ်ကျပ်ဖပ်ထားတဲ့သူကိုမော့ကြည့်လိုက်တော့..မေးဖျားချွန်ချွန်လေးကိုအရင်တွေ့ရတာမို့..သေချာမော့ကြည့်လိုက်တော့..ရောင်ဝါဖြစ်နေလေသည်..။

"ရောင်ဝါ...ဘာလုပ်တာလဲ?...
လွှတ်...ငါ့ကိုလွှတ်..."

ရင်ခွင်ထဲက ကလေးဆိုးကြီးက..အတင်းရုန်းနေတာကြောင့်..ရောင်ဝါလည်း နိုးလာခဲ့သည်..။ အတင်းရုန်းကန်နေတာကြောင့်..ရောင်ဝါလည်း တမင်တိုးပြီးဖက်ထားလိုက်သည်..။

"ရောင်ဝါ..အင့်...လွှတ်လို့ငါပြောနေတယ်နော်..
လွှတ်လို့..."

"တိတ်တိတ်နေဗျာ...ကျွန်တော်အိပ်ချင်နေသေးတယ်..."

"ဟာ...မင်းကိုလွှတ်လို့ ပြောနေတယ်နော်...အင့်..."

လေးက လွှတ်ပေးဖို့ပြောလေ..ရောင်ဝါက အတင်းတိုးဖက်ထားလေဖြစ်တာကြောင့်..လေးမှာ အသက်ကိုမနည်းရှူနေရသည်..။ ပြောလေ ရောင်ဝါကအတင်းတိုးဖက်လာတာကြောင့်..လေးလည်း စိတ်ပေါက်လာတာမို့..ခေါင်းထဲဝင်လာတဲ့အကြံတစ်ခုကို အကောင်အထည်ဖော်လိုက်သည်..။

ရောင်ဝါ့အင်္ကျီကြယ်စေ့ကိုဖြေးဖြေးလေးဖြုတ်လိုက်ပြီး..ရောင်ဝါ့ရင်ဘက်ကို ကိုက်ချလိုက်လေသည်..။

"အား!...အ!...လေး...."

ရောင်ဝါလည်း..ရင်ဘက်ကိုကိုက်လာတဲ့လေးကြောင့် လန့်ပြီးလေးကိုလွှတ်ပေးလိုက်သည်..။ အဲ့တော့မှ..လေးလည်း အင်္ကျီကိုဆွဲဆန့်လိုက်ပြီး..ထထိုင်လိုက်သည်..။

"လေး...လေးကခွေးလား...လူကိုကိုက်ရအောင်..."

"မင်းဘာလို့ လာဖက်ထားသေးလဲ?..."

"ဖက်ချင်လို့ဖက်ထားတာပေါ့လို့..."

"ကျစ်....ရောင်ဝါရာ...
ငါတို့အခုဘယ်ရောက်နေတာလဲ?...
သော်တာ သော်တာရော..အခုဘယ်လိုဖြစ်နေပြီလဲမသိဘူး.."

"ဘာမှမဖြစ်ပါဘူး...
အခုချိန် သူ့ယောက်ျားနဲ့သူရှိနေမှာပေါ့.."

Lay (ေလး) (completed)Tempat cerita menjadi hidup. Temukan sekarang