လင်းဆက်သွင်တစ်ယောက် ဆိုင်ကထွက်လာပြီးထဲက..အိမ်ကိုသာတန်းပြန်လာခဲ့သည်..။ ကိုကိုတစ်ခုခုဖြစ်လို့ကတော့လား..ဟိုမောင်နှမ၂ယောက်မလွယ်ဘူး လို့လည်း..စိတ်ထဲက ကျိန်းနေတယ်..။
"မေမေ...ကိုကို ပြန်ရောက်ပြီလား.."
"မရောက်သေးဘူးလေကွယ်...
ဘယ်အချိန်က ထွက်သွားလဲတောင်မသိလိုက်ဘူး...
ဘာဖြစ်လို့လဲ ညီညီ...""ကိစ္စရှိလို့ပါ မေမေ..."
"အေးအေး...မင်းအကိုတော့ ပြန်မလာသေးဘူး...
မင်းသွားချိုးတော့လေ...ကိုကိုပြန်လာမှ ပြောစရာရှိတာပြောပေါ့...""ဟုတ် မေမေ..."
လင်းဆက်သွင် ဘာမှဆက်မပြောနေတော့ဘဲ..ရေချိုးဖို့သာ ပြင်လိုက်တယ်..။
ကိုကိုဘာတွေလျှောက်လုပ်နေလဲ မသိဘူး..။ ဘာမှမဖြစ်ပါစေနဲ့လို့ စိတ်ထဲကနေဆုတောင်းနေမိသည်..။
ခဏကြာတော့..အိမ်ရှေ့မှာ ကားရပ်သံနဲ့အတူ..လေးတစ်ယောက် ပြန်ရောက်လာခဲ့သည်..။
ဒီနေ့တော့..နောက်ဆုံးအကြိမ် ဝအောင်ငိုလိုက်မယ်လို့တွေးပြီး..လေး လူတွေရှင်းရာ နေရာတစ်ခုမှာ သွားငိုနေခဲ့သည်..။ အိမ်ပြန်ချင်စိတ်မရှိတာကြောင့်..ကားလျှောက်မောင်းကာ ညနေစောင်းမှသာ အိမ်ပြန်ရောက်လာခဲ့သည်..။
"လေး...ဘယ်တွေလျှောက်သွားနေတာလဲကွယ်...
အိမ်မှာ မေမေတို့စိတ်ပူနေတယ်လေ...""တောင်းပန်ပါတယ် မေမေ...
သားအခန်းထဲသွားတော့မယ်နော်...""နေဦး...လေး တပ်ထားတဲ့maskကိုချွတ်လိုက်စမ်း...
မင်းတစ်ခုခုဖြစ်လာတယ်ဆိုတာ မေမေသိတယ်.."လေးလည်း မေမေ့ရဲ့အမိန့်ကိုမလန်ဆန်နိုင်တာကြောင့်..maskကိုချွတ်လိုက်ရသည်..။
"ဟယ်...လေး မင်းမျက်နှာကဘာဖြစ်လာတာလဲ?..
ဘာလို့ဒီလောက်တောင် ရဲတွတ်နေတာလဲ?...
မင်းကိုဘယ်သူဘာလုပ်လိုက်လို့လဲ?...
ပြော မေမေ့ကိုပြော...
မေမေ့သားငိုအောင်ဘယ်သူလုပ်လိုက်တာလဲ?...""မေမေ...."
မေမေ့ရဲ့ ဂရုဏာဒေါသောအသံတွေကြောင့်..လေးမှာ ဆက်ဟန်မဆောင်နိုင်တော့ဘဲ..မေမေ့ကိုဖက်ပြီး ငိုချလိုက်မိသည်..။
YOU ARE READING
Lay (ေလး) (completed)
Fantasyအရာအားလုံးဟာ..အကျိုးရှိလို့အကြောင်းဖြစ်လာတဲ့အတွက်..ငါဘာကိုမှစိတ်ထဲမထားပါဘူးမောင်.......