Ringing...Ringing...
"Hello!..လေး.."
"အေး...ဖြိုးပြော..."
"ဒီနေ့ နင့်ကိုလူတစ်ယောက်လာရှာတယ်..."
"ဟင်...ငါ့ကိုလာရှာတယ်...
ဘာကိစ္စရှိလို့တဲ့လဲ?..""ဘာမှတော့မပြောဘူး...
လေးညှို့သွင် ဆိုင်ကိုမလာဘူးလားလို့ပဲမေးတယ်...
ငါလည်း နင်က ကြာသပတေးနေ့မှလာတာ...
ကျန်တဲ့နေ့တွေတော့ နင့်ရဲ့ပိုးထည်ဆိုင်မှာပဲရှိတယ်လို့ပြောလိုက်တယ်..""အင်း...သူ့နာမည်က ဘာတဲ့လဲ?..."
"ဂုဏ်ရောင်ဝါလွှမ်း တဲ့.."
"သြော်..."
"ပြီးတော့လေ...ငါ့ကို မဆူနဲ့နော်...
မဆူရင် ပြောပြမယ်...""အင်း...မဆူဘူး..ပြော.."
"ဟို...ဟို...သူက နင့်ဖုန်းနံပါတ်တောင်းတာနဲ့ ငါပေးလိုက်တယ်..."
"ဘာ!!.."
"သူက ချောချောလေးဆိုတော့ ငါလည်းပေးလိုက်တာ..."
"သူချောတာနဲ့ ငါ့ဖုန်းနံပါတ်နဲ့ဘာဆိုင်လို့လဲ?..."
"နင်ကလည်း ဟိုကနင့်ကိုစိတ်ဝင်စားနေတာလားမသိဘူး...
အဲ့တာ ငါလည်း နင်တို့ကိုဖြစ်စေချင်တဲ့ဆန္ဒနဲ့ ပေးလိုက်မိတာ...""ကျစ်....သူနဲ့ငါကတစ်ခါတည်းတွေ့ဖူးရုံနဲ့ ငါ့ကိုစိတ်ဝင်စားတယ်ဆိုတာ မဖြစ်နိုင်ပါဘူးဟာ..."
"ငါ သူ့ကိုခန့်မှန်းကြည့်ရသလောက်တော့ သူနင့်စိတ်ဝင်နေတယ်ဆိုတာသေချာတယ်.."
"ဟင်း....ဘာပဲဖြစ်ဖြစ်ဟာ...
နင် နောက်ခါအဲ့လိုမလုပ်နဲ့တော့...""အေးပါဟာ...
ဒါနဲ့ နင်တို့၂ယောက်လိုက်တယ်သိလား...""မိဖြိုး!..."
"ဒါပဲ ဒါပဲ...ဟီးဟီး..." ဆိုပြီး မိဖြိုးက ပြောချင်ရာပြောပြီး ဖုန်းချသွားသည်။
ဘယ်လိုမှန်းမသိဘူး...
မိဖြိုးတို့ကတော့ ယောက်ျားလေးအချင်းချင်း ဖုန်းနံပါတ်တောင်းတာ အထူးအဆန်းလုပ်လို့ အဟက်..."တင်!..." ဆိုပြီး မက်ဆေ့ခ်ျဝင်လာတာမို့ဖွင့်ကြည့်လိုက်တော့...
* Good night ပါနော် Lay 💞 *
ဆိုပြီး ပို့လာတယ်။ ဖုန်းနံပါတ်ကအစိမ်းပေမဲ့ ဘယ်သူဆိုတာ သိတာမို့ စာပြန်ပို့မနေတော့ဘဲဖုန်းကိုပိတ်ကာ အိပ်လိုက်သည်။ စိတ်ထဲမှာတော့ နည်းနည်းတော့ ကြည်နူးနေမိသည်..။
YOU ARE READING
Lay (လေး) (completed)
Fantasyအရာအားလုံးဟာ..အကျိုးရှိလို့အကြောင်းဖြစ်လာတဲ့အတွက်..ငါဘာကိုမှစိတ်ထဲမထားပါဘူးမောင်.......