Chapter-32

615 64 0
                                    

Zawgyi

ဆောင်းဦးစာဖတ်တာဘယ်လောက်ကြာသွားလဲမသိ၊အခန်းတံခါးခေါက်သံကြားလိုက်မှ ဘေးပတ်ဝန်းကျင်ကိုပြန်သတိထားမိတော့သည်။သူဖတ်နေသောစာအုပ်ကိုချကာ အခန်းထဲသို့ပြန်ဝင်လာပြီး တံခါးနားကိုအပြေးသွားကာ ဖွင့်လိုက်သည်။ဖွင့်ဖွင့်လိုက်ချင်းပင် ECကသူ့ကိုပြုံး၍နှုတ်ဆက်လာသည်။

"ဆောင်းဦး မအိပ်ဘူးလား"

"ဟုတ် ကားပေါ်မှာအိပ်လာတော့ အခုမျက်လုံးကျယ်နေလို့။ဒါနဲ့ဘာကိစ္စရှိလို့လဲဟင်"

"ဪ ဆယ့်တစ်နာရီလောက်ကျရင် အပြင်သွားကြမှာမို့လို့ အသင့်ပြင်ထားကြလို့လာပြောတာ။ထက်ဘုန်းတို့ကိုလည်းတစ်ချက်လောက်ပြောလိုက်ဦးနော်။ငါသွားပြီ"

သူ့ဘာသာသူဆောင်းဦးကိုမှာသွားပြီးနောက် ပုခုံးကိုပုတ်ကာ ECကထွက်သွားတော့သည်။ဆောင်းဦးလည်းတံခါးကိုပြန်ပိတ်လိုက်ကာ အခန်းထဲကိုပြန်ဝင်လာသည်။ဖြိုးဉာဏ်တို့လေးယောက်စလုံးကိုကြည့်လိုက်တော့ အခုချိန်အထိနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲပင်။ကောင်းထက်ဆိုအိပ်မောကျလွန်းလို့ ဟောက်သံတွေပါထွက်နေသည်။

ဆောင်းဦးသူ့ဖုန်းကိုယူကာဖွင့်လိုက်ပြီး အချိန်ကိုတစ်ချက်ကြည့်လိုက်တော့ အခုမှကိုးနာရီခွဲလောက်ပင်ရှိသေးသည်။သူဖတ်နေသောစာအုပ်က ပြီးခါနီးပြီကတစ်ကြောင်း၊ထက်ဘုန်းတို့ကို ခဏလောက်ထပ်ပြီး အနားယူခိုင်းစေချင်သည်ကတစ်ကြောင်း ဆောင်းဦးသူတို့လေးယောက်ကိုမနှိုးသေးဘဲ ခုနကသူထိုင်နေသောနေရာလေးကိုသာ ပြန်လာ၍ထိုင်လိုက်သည်။ပြီးနောက် ခုံကိုမှီလိုက်ရင်း ပိတ်ထားသောစာအုပ်ကိုပြန်ဖွင့်လိုက်ကာ bookmarkကိုတော့စားပွဲပေါ်တွင်တင်လိုက်ပြီး ဖတ်လက်စကိုဆက်၍ဖတ်နေလိုက်သည်။

(၁၅)မိနစ်လောက်နေတော့ ဆောင်းဦးစာဖတ်တာပြီးသွားတော့သည်။စာအုပ်ကိုတင်လိုက်ကာ မျက်လုံးကနည်းနည်းညောင်းသွားသောကြောင့် မျက်မှန်ကိုချွတ်လိုက်ပြီး ခဏလောက်နှိပ်နှယ်ကာ အနားပေးနေလိုက်သည်။ပြီးတော့မှမျက်မှန်နှင့်စာအုပ်ကိုသယ်ကာ အခန်းထဲသို့ဝင်လာခဲ့သည်။

My Nerdy BoyWhere stories live. Discover now