Zawgyi
ထက်ဘုန်းကြောင်အကာ ဆောင်းဦးကိုကြည့်နေမိသည်။နှလုံးသားကတဒိတ်ဒိတ်ခုန်နေပြီး သွေးတွေတောင်ပြောင်းပြန်စီးနေသလိုခံစားနေရသည်။သူအခုအိပ်မက်မက်နေတာလား၊ဒါမှမဟုတ်နားကြားမှားသွားတာလား။အိပ်မက်ဆိုရင်တောင် သူဒီအထဲမှာတစ်သက်လုံးနစ်မြုပ်သွားချင်တော့သည်။
သူ့မျက်ဝန်းကနေမျက်ရည်တွေစီးကျလာသောကြောင့် ခေါင်းကိုငုံ့လိုက်သည်။ရုတ်တရက်ထငိုလာတဲ့ ထက်ဘုန်းကြောင့်ဆောင်းဦးကြောင်သွားသည်။ကိုထက်ဘာဖြစ်သွားတာလဲ။သူပြောတဲ့အထဲမှာ ဝမ်းနည်းစရာတစ်ခုခုများပါသွားလို့လား။
"ကိုထက် ဘာလို့ငိုနေရတာလဲ။မျက်နှာမော့ပါဦး။လိမ္မာတယ်လေ"
"ကိုယ်စောင့်နေခဲ့ရတာ"
"ဟင်"
"ကိုယ်အကြာကြီးစောင့်နေခဲ့ရတာ အဲ့စကားကိုကြားရဖို့"
"တောင်းပန်ပါတယ်။အကြာကြီးစောင့်ခိုင်းစေမိလို့"
ဆောင်းဦးကအသံတိုးတိုးလေးနှင့်ပြောလာမှ ထက်ဘုန်းကမျက်ရည်တွေကို အသည်းအသန်သုတ်ကာ ဆောင်းဦးလက်ကိုကိုင်လိုက်သည်။
"အာ ဘာလို့တောင်းပန်နေတာလဲ။ဆောင်းဦးမှားတာဘာမှမှမရှိတာ။ကိုယ်ကဒီတိုင်းပြောလိုက်တာလေနော်။စိတ်ထဲမထားနဲ့"
ခေါင်းညိမ့်ပြလိုက်တော့ သူပြုံးလိုက်ပြီး ဆောင်းဦးရဲ့ဆံပင်လေးကိုနှာခေါင်းနစ်ဝင်သည်အထိနမ်းလိုက်သည်။တောင့်တောင့်လေးဖြစ်သွားသော ခန္ဓာကိုယ်လေးကြောင့် သူအတော်ကြာအောင် နမ်းထားသည်ကိုဖယ်မပေးမိပေ။
ကောင်းထက်တို့ကတော့ဘယ်အချိန်ကတည်းက အထဲကိုပြန်ရောက်သွားလဲမသိ။အရိပ်အယောင်နည်းနည်းလေးတောင် မတွေ့ရတော့ပေ။သူနမ်းနေတာကိုရပ်လိုက်ပြီး ဆောင်းဦးကိုတင်းကြပ်စွာ ဖက်လိုက်သည်။သူတကယ်မယုံနိုင်သေးဘူး၊ဆောင်းဦးကသူ့ကိုအဖြေပေးလိုက်တာကို။
"ခုနကပြောတာကတကယ်ပြောတာမလားဟင်။ကိုယ့်ကိုလိမ်နေတာမဟုတ်ဘူးမလား။အာ ထားလိုက်တော့။လိမ်နေတာဆိုရင်တောင် ပြောပြီးသားကိုပြန်ပြင်လို့မရဘူးနော်။ခုနကပြောတာကိုပဲအတည်ယူမှာ"

YOU ARE READING
My Nerdy Boy
RomantiekYou're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my imagination.Thank you. Start date-1/11/2020 End date-21/2/2021