Zawgyi
Tutorial နေ့မို့လို့ ဆောင်းဦးအရင်နေ့တွေကထက်စောပြီးနိုးဖြစ်သည်။ဒီနေ့ကဗုဒ္ဓဟူးနေ့မို့လို့ ဗီရိုထဲမှ T-shirtလက်တိုနှင့်ဘောင်းဘီကိုထုတ်လိုက်၍ ရေချိုးခန်းထဲသို့ဝင်ခဲ့သည်။ကျောင်းကိုသွားဖို့အကုန်ပြင်ဆင်ပြီးတော့ အချိန်ကစောနေသေးသည်မို့လို့ မနက်စာမစားသေးဘဲ စာကြည့်စားပွဲမှာထိုင်ကာ စာနည်းနည်းပါးပါးကြည့်နေလိုက်သည်။
ဆယ့်ငါးမိနစ်လောက်ကြာပြီးနောက် ဖုန်းမှတောင်ခနဲအသံမြည်လာသောကြောင့် ယူကြည့်လိုက်တော့ ကိုထက်ဆီမှ 'Morning ကလေးလေး' ဆိုပြီး emoji တစ်သန်းလောက်နှင့် စာဖြစ်သည်။
"အာ ကိုထက်ကမှတကယ်ကိုကလေးလေးနဲ့တူနေတာပဲ"
ထက်ဘုန်းကတစ်ခါတလေစိတ်ကူးပေါက်လာတိုင်း သူ့ကိုကလေးလေး၊ကလေးလေးဆိုပြီး ခေါ်လေ့ရှိသည်။မခေါ်နဲ့လို့ပြောလို့လည်း မရသောကြောင့် သူလည်း ဒီတိုင်းသာလွှတ်ထားလိုက်တော့သည်။သူလည်းစာပြန်ပို့လိုက်ရော ချက်ချင်းပင်ဖုန်းဆက်လာသည်။
"ဟယ်လို ဆောင်းဦး နိုးပြီလား"
"ဟုတ် ဒီနေ့ tutorial ရှိတယ်လေ။အဲ့ဒါကြောင့် စာနည်းနည်းပြန်ကြည့်နေတာ"
"ဘ...ဘာကြီး tutorial ရှိတယ်၊တကယ်ပြောနေတာလားဟင်"
"ဟုတ်တယ်လေ ဟိုတစ်နေ့ကတင်ဆရာမကိုယ်တိုင်သေချာသတိပေးသွားတာလေ"
"သွားပြီ၊ဘာစာမှသေချာမလုပ်ရသေးဘူး"
"ဟင် စာလုပ်ဖို့အစောကြီးထတာမဟုတ်ဘူးလား"
"မဟုတ်ပါဘူး။ဆောင်းဦးကိုစာပို့မလို့လေကွာ။ကိုယ်တကယ် tutorial ရှိတာကိုမေ့နေတာ"
"အဲ့ဒါဆိုအခုစာလုပ်လေ ကိုထက်ရဲ့"
"ဟင့်အင်း ပျင်းတယ်၊ကိုယ်နဲ့စကားပြောပေး"
"ဟာဗျာ ကိုထက်၊မရစ်နဲ့လေ နော်။လိမ္မာရဲ့သားနဲ့ကို"
"ကိုယ်ကစတာပါ။အဲ့ဒါဆိုစာဆက်လုပ်နော်။အများကြီး အများကြီးချစ်တယ် ကိုယ့်ကောင်လေးကို"
"ဟီးဟီး ကျွန်တော်ရောပဲ"
"ဪ ကိုယ်မေ့လို့၊ကျောင်းလာရင်နွေးနွေးထွေးထွေးဝတ်ခဲ့ဦးနော်။ဒီနေ့ရာသီဥတုအေးတယ်"

YOU ARE READING
My Nerdy Boy
RomanceYou're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my imagination.Thank you. Start date-1/11/2020 End date-21/2/2021