Zawgyi
ထက်ဘုန်းညီတစ်ယောက် ကျောင်းတစ်ခါသွားဖို့အရေး မှန်အရှေ့မှာအရှေ့လှည့်လိုက်၊အနောက်လှည့်လိုက်နှင့် မအားမလပ်နိုင်ဖြစ်နိုင်သည်။ဝတ်ထားသော sweat shirt ကို လက်ခေါက်တင်လိုက်ပြီး စိတ်တိုင်းမကျသလိုပုံစံနှင့် ပြန်ချလိုက်သည်။ဆံပင်ကိုလက်နှင့်ဖွကာ ပုံစံအမျိုးမျိုးလိုက်ပြောင်းနေသည်။သူ့ကိုယ်သူချောမှန်းသိပေမယ့်လည်း ဆောင်းဦးမျက်လုံးထဲမှာတော့ သူကကြည့်လို့အကောင်းဆုံးသူဖြစ်ချင်သည်လေ။
ကျောင်းတစ်ခါသွားဖို့အရေး မှန်ရှေ့မှာတင်နာရီဝက်လောက် အချိန်ကုန်နေပြီဖြစ်သည်။အခုချိန်ထက်ဘုန်းအမေသာရှိရင် သူ့သားခေါင်းကိုခေါက်ပြီးနေလောက်ပြီဖြစ်သည်။
"အင်း ရပြီ။လုံးဝကိုPerfectပဲ"
စိတ်တိုင်းကျတော့မှ အိပ်ခန်းထဲမှထွက်ကာ မနက်စာစားဖို့မီးဖိုခန်းထဲဝင်လိုက်တော့သည်။ရေခဲသေတ္တာကိုဖွင့်လိုက်တော့ ဟိုတစ်နေ့ကဝယ်ထားတဲ့ နွားနို့ဘူးကိုတွေ့သောကြောင့်ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။ကြက်ဥတစ်လုံးနှင့်sausageကိုပါထုတ်လိုက်ပြီးမှ ရေခဲသေတ္တာကိုပြန်ပိတ်လိုက်သည်။
ဒီနေ့သူ့စိတ်အခြေအနေက တော်တော်လေးကောင်းနေသောကြောင့် ကိုယ်တိုင်မနက်စာလုပ်နေရတာတောင် စိတ်ရှုပ်တယ်လို့မခံစားရပေ။ပေါင်မုန့်ကိုမီးကင်နေရင်းနှင့်ပင် ကြက်ဥကို half fried နှင့် sausage ကိုကြော်လိုက်သည်။
အကုန်ပြီးတော့မှ ပန်းကန်တစ်ချပ်ထဲမှာထည့်လိုက်ကာ မနက်စာစစားတော့သည်။ပေါင်မုန့်အရသာခါးသက်သက်နှင့် ဆားခဲအရသာရနေသောကြက်ဥကြော်တို့ကြောင့် သူ့မျက်နှာရှုံ့တွသွားသည်။Sausageကတော့စားလို့သိပ်မဆိုး။သူကဘယ်နေရာမှာဘယ်လောက်တော်တော် ဟင်းချက်တဲ့နေရာမှာတော့ တော်တော်လေးကိုအသုံးမကျတာပဲ။
သို့ပေမယ့်လည်း ကိုယ်တိုင်ချက်ထားတာမို့လို့နှာမျောနေသောကြောင့် နွားနို့သောက်ရင်းပင်အတင်းမြိုချနေရသည်။ပန်းကန်ထဲမှာအကုန်ပြောင်သလင်းခါတော့မှ သက်ပြင်းချနိုင်တော့သည်။ထို့နောက်သူတွေးလိုက်တာက အတွေးတစ်ခုတည်း၊သူနောက်တစ်ခါဟင်းလုံးဝမချက်တော့ဘူး။

YOU ARE READING
My Nerdy Boy
RomantizmYou're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my imagination.Thank you. Start date-1/11/2020 End date-21/2/2021