Zawgyi
ဆောင်းဦး ထိုနေရာကနေပြေးထွက်လာပြီးနောက် အတန်းထဲသို့ဝင်လာခဲ့သည်။ခုနကအကြောက်လွန်နေသောကြောင့် တစ်ကိုယ်လုံးမှာလည်းချွေးတွေနဲ့။နေရာမှာထိုင်လိုက်တော့ သူနဲ့နှစ်စကတည်းကပေါင်းလာတဲ့ တစ်ဦးတည်းသောသူငယ်ချင်း ဖြိုးဥာဏ်သော်က စိုးရိမ်တကြီးနှင့်မေးလာသည်။
"ဆောင်းဦးရယ် အိမ်သာသွားတာကလည်းကြာလိုက်တာ။ဟင် မင်းငိုထားတာလား"
"မ....မဟုတ်ပါဘူး"
"မလိမ်နဲ့နော် ဆောင်းဦး။ငါစိတ်ဆိုးလိုက်ရမလား"
"ဟင့်အင်း မဆိုးပါနဲ့"
"အဲ့ဒါဆိုအမှန်အတိုင်းပြောပြ"
ဆောင်းဦးလည်းဖြိုးဥာဏ်သော်ကို ခုနကအကြောင်းပြန်ရှင်းပြလိုက်သည်။တကယ်တော့မနက်က သူတို့testဖြေတော့ ထည်ဝါနဲ့စိုင်းမာန်ကစာမရသောကြောင့် သူတို့ကိုစာပြဖို့ပြောသည်။ဆောင်းဦးတစ်သက်နှင့်တစ်ကိုယ် စာပြဖို့နေနေသာသာ ခိုးချတယ်ဆိုတာတောင် ဘာမှန်းမသိ။
တကယ်ဘယ်လိုစာပြရမှန်းမသိတာကြောင့် ဆောင်းဦးခေါင်းခါလိုက်တော့ သူတို့နှစ်ယောက်လုံးက ဆောင်းဦးကို အံကြိတ်ပြီးကြည့်လာတာကြောင့်ဆောင်းဦး အကြည့်မြန်မြန်ပြန်လွှဲလိုက်ရသည်။ဆောင်းဦးနေ့လယ်စာစားပြီး အိမ်သာခဏဝင်မယ်လုပ်တုန်း ထိုနှစ်ယောက်ကပေါ်လာကာ ဆောင်းဦးကိုအိမ်သာထဲထည့်ပိတ်ထားခြင်းဖြစ်သည်။
"ဒီကောင်တွေကတော့ ငါလုပ်ရင်သေတော့မယ်။မင်းဘယ်နားထိခိုက်သွားသေးလဲ"
"ဖြိုးဥာဏ်ကလည်း.....စိတ်လျှော့ပါ။ငါဘာမှမဖြစ်လို့ အခုအကောင်းအတိုင်းကြီးရှိနေတာလေ"
"ဒါနဲ့မင်းကိုအိမ်သာတံခါးဘယ်သူလာဖွင့်ပေးသွားတာလဲ"
"အယ် ယောက်ျားတစ်ယောက်ပဲ"
"အေး ငါမပြောတော့ဘူး။ယောက်ျားလေးအိမ်သာပါဆိုမှ ယောက်ျားလေးမဟုတ်လို့ ဘယ်သူကလာဖွင့်ပေးမှာလဲ နလပိန်းတုံးရဲ့"
"ငါမှသူ့ကိုမသိ....ဩော် အခုဝင်လာတဲ့တစ်ယောက်"
ဆောင်းဦးလက်ညှိုးထိုးပြတဲ့နေရာကို ကြည့်လိုက်တော့ ထက်ဘုန်းညီဖြစ်နေသည်။

YOU ARE READING
My Nerdy Boy
RomanceYou're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my imagination.Thank you. Start date-1/11/2020 End date-21/2/2021