Zawgyi
ထက်ဘုန်းအိပ်ခန်းထဲမှာ အဝတ်လဲနေတုန်း အခန်းအပြင်ကတံခါးခေါက်သံကြားသောကြောင့် အဝတ်လဲနေရင်းတန်းလန်းနှင့်ပင် အခန်းအပြင်သို့ထွက်ကာ တံခါးကိုသွားဖွင့်လိုက်သည်။အပြင်မှာရပ်နေတဲ့လရိပ်သွေးက သူ့ကိုမြင်တော့ လည်ပင်းကိုလာသိုင်းဖက်သောကြောင့် သူကလည်းရိပ်၏ခါးကို ပြန်ဖက်လိုက်သည်။
လရိပ်သွေးကအခုထက်ဘုန်းလက်ရှိတွဲနေတဲ့တစ်ယောက်ပေါ့။သူကတော့ထက်ဘုန်းထက် (၃)နှစ်ပိုကြီးသည်။ထက်ဘုန်းအခန်းရဲ့ တစ်ခန်းကျော်မှာနေတဲ့အကိုပေါ့။ထက်ဘုန်းသူနှင့်ခင်တာ တစ်နှစ်နီးပါးလောက်တော့ ရှိပြီထင်သည်။ထိုအကိုကသူ့ကိုစိတ်ဝင်စားသည့်အရိပ်အယောင် အမြဲပြလေ့ရှိသည်။ထက်ဘုန်းကလည်း သူ့ရဲ့ဗီဇအတိုင်းပဲ ထိုအကို့ကိုတွဲလိုက်တာပေါ့။
သူနှင့်တွဲတာအခုဆိုနှစ်ပတ်လောက်တောင်ရှိနေပြီထင်သည်။သူကနည်းနည်းနားလည်မှုရှိသည့် ပုံစံမျိုးထဲမှာပါတော့ အခြားသူများနှင့် ယှဉ်လျှင် သူနှင့်တွဲရတာပိုပြီး သက်သောင့်သက်သာဖြစ်စေသည်။
လူကြီးဆန်တဲ့အထဲမှာလည်းပါသည်ဟုပြော၍ရတာမို့လို့ ကောင်းထက်တို့နဲ့မရင်းနှီးရင်တောင် အဆင်ပြေသည့်လူစားမျိုးဖြစ်သောကြောင့် လရိပ်နှင့်တွဲရတာအဆင်ပြေသည်။
ဒီညကသောကြာနေ့ညမို့လို့ ထက်ဘုန်းသူနှင့်အတူclubသွားရန် ချိန်းထားသောကြောင့် အခုသူကထက်ဘုန်းအခန်းကိုရောက်လာခြင်းဖြစ်သည်။
"ထက်ကလည်းကြာလိုက်တာကွာ။ရိပ်တို့သွားမယ်ပြောထားတာ(၉)နာရီကို။အခု(၁၀)နာရီတောင်ထိုးတော့မယ်"
"အာ ကိုယ်ရေချိုးနေလို့နည်းနည်းနောက်ကျသွားတယ်"
"စောစောစီးစီးရေမချိုးဘူးလား ထက်ရယ်။နေမကောင်းတွေဘာတွေဖြစ်ဦးမယ်"
"Presentation လုပ်ရမှာကလာမယ့်အင်္ဂါဆိုတော့ ကျောင်းကပြန်လာလာချင်း အလုပ်တွေလုပ်နေရတာ ညဘက်မှရေချိုးဖို့အချိန်ရလို့ပါ ရိပ်ကလည်း"
ထက်ဘုန်းကသူ့ခန္ဓာကိုယ်ကြီးနှင့် ရိပ်ကိုချွဲနေသောကြောင့် ရိပ်ကထက်ဘုန်းခေါင်းကိုဖွလိုက်သည်။
YOU ARE READING
My Nerdy Boy
Любовные романыYou're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my imagination.Thank you. Start date-1/11/2020 End date-21/2/2021