Zawgyi
ကျောင်းပိတ်ရက်မို့လို့ ဆောင်းဦးစာကြည့်စားပွဲမှာထိုင်ကာ စာအုပ်ဖတ်နေသည်။ဘာလိုလိုနဲ့မနက်ဖြန်ဆိုသင်္ကြန်တောင်ရောက်တော့မှာပါလား။သူများတွေအတွက်ဆိုရင်တော့ ဒီလိုအချိန်မျိုးကထူးခြားနေမှာ ဖြစ်ပေမယ့်ဆောင်းဦးအတွက်ဆိုရင်တော့ သာမန်အားလပ်ရက်တစ်ခုလိုသာဖြစ်သည်။
မွေးကတည်းကနေအခုအချိန်ထိ သင်္ကြန်ဆိုရင်အိမ်မှာပဲ ကုန်ဆုံးလေ့ရှိသည်။ဆောင်းဦးကအဲ့လိုအပြင်ထွက်ရတာကိုအရမ်းမုန်းသည်။ငယ်ငယ်ကတည်းကအပေါင်းအသင်းမရှိတာကြောင့်လည်း နည်းနည်းတော့ပါတာပေါ့။ပြီးတော့အဲ့လိုအပြင်သွားပြီးပျော်ပါးရမယ့်အစား အိမ်မှာနေတာကသူ့အတွက်သက်သောင့်သက်သာပိုရှိသည်။သူက introvertဖြစ်သောကြောင့် လူတွေအများကြီးရှိတဲ့နေရမှာနေရတာကိုမုန်းသည်လေ။
အိမ်မှာစာဖတ်တယ်၊သူ့မေမေလုပ်ကျွေးတဲ့မုန့်လုံးရေပေါ်စားတယ်၊တစ်ခါတလေအိမ်နီးချင်းတွေကို သူ့အစ်ကိုနှင့်အတူ မုန့်သွားပို့ပေးသည်၊သူတို့ပြန်ပေးသောမုန့်တွေကို အိမ်ယူလာပြီးစားသည်။ဒါတွေကသူသင်္ကြန်မှာလုပ်နေကြအရာတွေပေါ့။သူ့ကိုလူထူးလူဆန်းလို့ထင်နိုင်ပေမယ့် အဲ့လိုလုပ်နေရတာတွေကိုပဲ သူပို၍သဘောကျသည်။
သူအတွေးလွန်နေတာကိုကြည့်ပြီး သူ့ပေါင်ပေါ်မှာထိုင်နေသောChocoက သူ့အမွှေးတွေနှင့်ဆောင်းဦးကို ပွတ်သပ်လာတော့မှ ဆောင်းဦးအသိဝင်လာသည်။စာအုပ်ကိုခဏချလိုက်ကာ Chocoကိုလက်နှစ်ဖက်နှင့်ကိုင်ပြီး မြှောက်လိုက်သည်။
"Chocoလေးပျင်းနေပြီနဲ့တူတယ်။ကိုကိုနဲ့အတူလမ်းသွားလျှောက်မလား"
ဆောင်းဦးကမေးလိုက်တော့ နားလည်သည့်ပုံစံနှင့် ဆောင်းဦးလက်ထဲကနေရုန်းကာ တံခါးနားကိုပြေးသွားသည်။ဆောင်းဦးလည်းဖတ်နေလက်စစာအုပ်ကိုပိတ်လိုက်ပြီး ဖုန်းကိုယူကာဘောင်းဘီအိတ်ထဲထည့်လိုက်သည်။ထို့နောက်လည်ပတ်ကိုယူလိုက်သည်။Chocoကိုချီကာ ပတ်ပေးလိုက်ပြီးနောက် အခန်းပြင်ကိုထွက်လာခဲ့သည်။

YOU ARE READING
My Nerdy Boy
RomanceYou're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my imagination.Thank you. Start date-1/11/2020 End date-21/2/2021