Chapter-30

691 72 0
                                    

Zawgyi

ဒီနေ့ကခရီးသွားရမည့်နေ့မို့လို့ ဆောင်းဦးအလွန်စိတ်လှုပ်ရှားနေသည်။ဒါကသူငယ်ချင်းတွေနဲ့အတူသွားတဲ့ သူ့ရဲ့ပထမဆုံးခရီးဟုပြော၍ရသည်။အရင်နှစ်တွေတုန်းက ကျောင်းကခေါ်ပေမယ့် သူကမလိုက်ချင်သောကြောင့် ခဏခဏငြင်းဆန်ခဲ့သည်။ဒီနှစ်ကတော့ သူမလိုက်ရင် 'ငါတို့ကိုစကားလုံးဝလာမပြောနဲ့' ဟုခြိမ်းခြောက်ထားသော ဖြိုးဉာဏ်တို့လေးယောက်ကြောင့် သူ့မှာမလိုက်ချင်ဘဲ ခေါင်းညိမ့်ခဲ့ရသည်။

အခုလည်းညကျရင် သွားရတော့မှာမို့လို့ ပျင်းပျင်းရိရိနှင့်အိတ်ထဲကို အဝတ်အစားတွေစုပုံထည့်နေသည်။လေပြည်ကသူ့ညီကိုအဝတ်အစားကူထည့်ပေးနေရင်း ဆောင်းဦး၏မျက်နှာထားကြောင့် အသံထွက်သည်အထိရယ်မိတော့သည်။

"ဟားဟား ငယ်လေးရယ်၊မျက်နှာကဘာလို့အဲ့လောက်တောင်ဆူပုတ်နေရတာလဲကွ"

"ဘာမှမဖြစ်ပါဘူး"

"ဘာမှမဖြစ်ဘူးသာပြောတာ နှုတ်ခမ်းကချွန်ထွက်နေတာ ကိုကြီးကိုတောင်ထိုးမိတော့မယ်"

"ကိုကြီးကလည်း မနောက်နဲ့လေ။ကိုကြီးရဲ့ဖြိုးဉာဏ်သော်ကအကျင့်ကိုမကောင်းဘူး သိလား"

"ဟင် ဖြိုးဉာဏ်ကဘာဖြစ်လို့လဲ ငယ်လေးရဲ့"

"သူခြိမ်းခြောက်လို့ကျွန်တော်ကလိုက်ရတာလေ။သူကအကျင့်ကိုမကောင်းဘူး"

"ဟိုကကြားရင်စိတ်ဆိုးဦးမယ်"

"မဆိုးလောက်ပါဘူး ဟီးဟီး။သူကသဘောကောင်းတာပဲကို"

"မင်းကတော့လေ အမျိုးမျိုးပဲသိလား"

လေပြည်သူ့ညီ၏ခေါင်းကို ဒေါက်ခနဲခေါက်လိုက်သည်။ဆောင်းဦးကတော့ စိတ်မဆိုးဘဲ သူ့ခေါင်းသူပွတ်ကာ ရီပြနေသည်။Chocoကအိပ်နေရာကနေ သူတို့နားကိုပြေးလာပြီး ဆောင်းဦးပေါင်ပေါ်တက်ထိုင်သည်။သူ့အမွှေးတွေနဲ့ဆောင်းဦးကိုပွတ်ကာ ချွဲနေတော့ ဆောင်းဦးသူ့ကိုတင်းကြပ်စွာဖက်လိုက်သည်။

"ကိုကို့ရဲ့Chocoလေးနဲ့ လေးရက်တောင်ခွဲရမှာဆိုတော့ ကိုကိုတော့လွမ်းနေတော့မှာပဲ။ကိုကို့ကိုရောလွမ်းနေမှာလားဟင်"

My Nerdy BoyWhere stories live. Discover now