Zawgyi
ညခုနစ်နာရီကျော်လောက်မှာ ဆောင်းဦးအိပ်ရာကနိုးလာသည်။သူ့ဘေးဘီကိုကြည့်လိုက်တော့ အခန်းထဲမှာသူကလွဲ၍တစ်ယောက်မှမရှိ။သူထထိုင်လိုက်ကာ ခေါင်းကိုကုပ်လိုက်သည်။
"ဟင် ဘယ်ရောက်သွားကြတာလဲ။ညစာသွားစားကြတာများလား"
သူအိပ်ရာကနေထလိုက်ကာ သူ့ဖုန်းကိုသွားယူလိုက်သည်။သူ့ကိုစာတွေ၊ဘာတွေများပို့ထားမလားဆိုပြီးတော့ပေါ့။သူထင်သည့်အတိုင်းပင် ဖြိုးဉာဏ်ကသူ့ကိုစာပို့ထားသည်။ဆောင်းဦး phone lock ကိုဖွင့်လိုက်ပြီးနောက် စာပို့ထားတာကိုဝင်ကြည့်လိုက်သည်။
"ဆောင်းဦး နိုးရင် hotelအနောက်နားမှာကွင်းတစ်ကွင်းရှိတယ်။အဲ့ဒီကိုလာခဲ့နော်"
ဆောင်းဦးလည်း "အင်း" လို့ပြန်ပို့လိုက်ပြီးမှ ဖုန်းကိုစားပွဲပေါ်ပြန်ချလိုက်သည်။အခုမှအိပ်ရာကနိုးသည့်အတွက် မျက်လုံးကသေချာမပွင့်သေးသောကြောင့် ရေချိုးခန်းထဲကိုအရင်ဆုံးဝင်သွားလိုက်သည်။ဘေဇင်မှာမျက်နှာသစ်ပြီးတော့မှ ပြန်ထွက်လာခဲ့သည်။အပြင်ကပြန်လာကတည်းကအဝတ်အစားမလဲရသေးသည်မို့လို့ တွေ့တဲ့အဝတ်အစားတစ်စုံကိုကောက်ဝတ်လိုက်ပြီးမှ မျက်မှန်ကိုတပ်ကာ ဖုန်းကိုယူပြီး အခန်းပြင်ကိုထွက်လာခဲ့လိုက်သည်။
Hotelနောက်ကကွင်းက ဘယ်နားမှာလဲမသိသောကြောင့် သူreceptionကိုသွားကာမေးလိုက်သည်။ပြီးတော့မှအဲ့ဘက်ကိုလျှောက်လာလိုက်သည်။သူရောက်လာတော့ကွင်းတစ်ကွင်းလုံးက မှောင်နေသည်။ညဘက်လည်းဖြစ်နေတာကြောင့် ဘေးပတ်ဝန်းကျင်ကိုကောင်းကောင်းမမြင်ရ။
"ဟင် နေရာများမှားလာမိတာလား။အာ မဖြစ်နိုင်တာ၊ဒီနေရာလို့သေချာပေါက်ပြောလိုက်တာကို"
သူဖုန်းကိုဖွင့်ကာ ဖြိုးဉာဏ်ကိုဆက်လိုက်တော့ ဟိုဘက်ကမကိုင်။သူလေး၊ငါးခေါက်လိုက်ဆက်တာတောင် မကိုင်သောကြောင့် သူလည်းထပ်မဆက်တော့ဘဲ နေလိုက်သည်။သူဘာလုပ်ရမလဲစဉ်းစားမရဖြစ်နေတုန်း 'ဖောက်' ဆိုသောအသံနှင့်အတူအလင်းတန်းတစ်ခုပါ မျက်လုံးဘေးမှမြင်လိုက်ရသောကြောင့် လန့်သွားကာ မျက်လုံးကိုမှိတ်၍ နားကိုပိတ်လိုက်သည်။
YOU ARE READING
My Nerdy Boy
RomanceYou're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my imagination.Thank you. Start date-1/11/2020 End date-21/2/2021