Chapter-44

485 64 6
                                    

Zawgyi

ထက်ဘုန်း ဆောင်းဦးကိုဖက်ကာ ပွဲကိုကြည့်နေတုန်း ရုတ်တရက် ရှင်နှောင်းကခြေချော်ကာ လဲကျသွားသောကြောင့် နည်းနည်းလန့်သွားသည်။သို့ပေမယ့်လည်း သူနှင့်မဆိုင်သော ကိစ္စဖြစ်တာကြောင့် ဆောင်းဦးကိုပြန်ဖက်ဖို့လုပ်တုန်း ECကရှင်နှောင်းကိုသွားခေါ်ဖို့ အရိပ်အကဲပြလာသည်။

ငြင်းလိုက်ရင်မကောင်းမှာစိုးတာကတစ်ကြောင်း၊သူကစင်နှင့်အနီးဆုံးမှာရှိနေတာကတစ်ကြောင်းဖြစ်သောကြောင့် သူလည်းခေါင်းညိမ့်ပြလိုက်ကာ စင်ပေါ်ကို ပြေးတက်သွားလိုက်သည်။စင်ပေါ်ကိုရောက်တော့ ထဖို့ကူပေးလိုက်ပေမယ့် မတ်တပ်ရပ်လို့မရဘူးဆိုသည့် ရှင်နှောင်းကြောင့် မသက်သာစွာနှင့်ပင် ပွေ့ချီလိုက်သည်။လူတွေကကြည့်နေကြတာမို့ စင်ပေါ်မှာ အကြာကြီးရှိနေရင်မကောင်းဘူးမလား။

သူ့ကိုချီလိုက်တော့ လည်ပင်းကိုသိုင်းဖက်ကာ ရင်ဘတ်ပေါ်ခေါင်းမှီလာသောကြောင့် ထက်ဘုန်းစိတ်ရှုပ်သလိုလိုဖြစ်လာရသည်။အဲ့လိုကြီးနီးကပ်နေတာက သူ့အတွက်အဆင်မပြေဘူးလေ။ဖယ်ဖို့တိုးတိုးလေးပြောပေမယ့်လည်း စကားနားမထောင်သောရှင်နှောင်းကြောင့် ဘာမှမပြောတော့ပေ။

စင်အောက်ကိုမြန်မြန်ဆင်းလိုက်ကာ ကျောင်းကဆေးခန်းကို မြန်မြန်ပြေးသွားလိုက်သည်။ဆောင်းဦးသူ့ကိုမျက်မှောင်ကြုံ့ပြီး ကြည့်နေတာကိုတွေ့လိုက်ပေမယ့် ပြီးမှသာပြန်ချော့တော့မည်ဟုတွေးလိုက်ကာ ဆေးခန်းကိုသွားလိုက်သည်။သူတို့ပွဲလုပ်သည့်နေရာနှင့်ဆေးခန်းကနည်းနည်းလှမ်းသည့်အတွက် ငါးမိနစ်လောက်သွားပြီးမှ ရောက်တော့သည်။

ဆေးခန်းကိုရောက်တော့ ရှင်နှောင်းကိုလူနာကုတင်ပေါ်မှာ ချပေးလိုက်ပြီးနောက် ထွက်နေသောချွေးတို့ကို လက်နှင့်သုတ်ပစ်လိုက်သည်။ထို့နောက်အပြင်ပြန်ထွက်ဖို့လုပ်တော့ ရှင်နှောင်းကလက်ကိုဆွဲထားသောကြောင့် သူ့ကိုလှည့်ကြည့်လိုက်သည်။

"ဘာပြောစရာရှိသေးလို့လဲ။ကိုယ်အချိန်မရှိဘူး ရှင်နှောင်း"

"ဟိုလေ နှောင်းကိုခဏလောက်စောင့်ပေးလို့ရမလား။နှောင်းအခုလမ်းလျှောက်လို့မရဘူးလေ"

My Nerdy BoyWhere stories live. Discover now