Zawgyi
ဆိုင်ထဲဝင်ဝင်လိုက်ချင်း ရလိုက်သော ကော်ဖီနံ့သင်းသင်းလေးက ဆောင်းဦးစိတ်ကိုကြည်လင်သွားစေသည်။လရိပ်ကို တစ်ချက်ကြည့်လိုက်တော့ ကော်ဖီဖျော်နေသောကြောင့် သူလည်းသူထိုင်နေကျ ထောင်းစွန်းတစ်နေရာမှာ ဝင်ထိုင်လိုက်သည်။
ထက်ဘုန်းနှင့်လရိပ်၏ဆက်ဆံရေးက အေးစက်သွားသော်လည်း လရိပ်ကဆောင်းဦးကို သူ့ညီလေးအရင်းတစ်ယောက်ကဲ့သို့ ဆက်ဆံနေဆဲပင်။သူကလည်း လရိပ်ကိုအစ်ကိုတစ်ယောက်လို ခင်သောကြောင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အတော်လေးအဆင်ပြေသည်။လရိပ်ကသူ့ကိုတွေ့တွေ့ချင်းပင် အပြေးလာနှုတ်ဆက်သည်။
"ဆောင်းဦး၊ဆိုင်ကိုလာတာလား။အစ်ကို့ကိုလည်းကြိုမပြောဘူး"
"နောက်တစ်ပတ်စာမူအပ်ရမှာလေ။အဲ့ဒါဘာideaမှမထွက်လို့ အစ်ကို့ဆိုင်ကိုလာတာ။ဒီမှာဆိုခေါင်းအေးအေးထားပြီး စဉ်းစားလို့ရတယ်လေ"
"ဟုတ်ပါပြီ။ဒါနဲ့ဘာသောက်မလဲ။နေ့လယ်စာရော စားပြီးပြီလား"
"ဟုတ်၊စားပြီးသွားပြီ။ဒီနေ့တော့ အင်း Americano ပဲသောက်တော့မယ်"
"ဘာမှမစားတော့ဘူးပေါ့"
"အဲ့ဒါကတော့ဗိုက်နည်းနည်းဆာမှပဲ တစ်ခုခုမှာလိုက်တော့မယ်"
"ဟုတ်ပြီ။အဲ့ဒါဆိုအစ်ကိုသွားဖျော်လိုက်ဦးမယ်နော်"
"ဟုတ်"
ဆောင်းဦးခေါင်းကိုပုတ်လိုက်ရင်း ကော်ဖီဖျော်သည့်နားကို လျှောက်သွားလိုက်သည်။သူလည်း လွယ်အိတ်ထဲမှ laptop ကိုထုတ်လိုက်ပြီး စာစရေးဖို့ပြင်လိုက်သည်။စားပွဲပေါ်မှာတင်ထားသော စာအုပ်နှင့်ဘောပင်ကိုယူလိုက်ပြီး မနေ့ညကစဉ်းစားမိသော အကြောင်းအရာတချို့ကိုပြန်ဖတ်ကြည့်လိုက်သည်။
ဆောင်းဦးက လက်ရှိမှာ Samuel ဟူသော ကလောင်နာမည်ဖြင့် ဝတ္တုတိုများရေးသော တက်သစ်စစာရေးဆရာတစ်ယောက်။စာရေးဖို့က သူ့ professional မဟုတ်ပေမယ့် သူစာရေးသည့်ပုံက အများနှင့်ကွဲထွက်နေသောကြောင့် စာရေးပြီး တစ်နှစ်ကျော်အတွင်းမှာတင် နာမည်တော်တော်ရလာသည်။အထူးသဖြင့် လူငယ်များကြားမှာ သူ့ရဲ့စိတ်ကူးယဉ်ဝတ္တုများက အတော်လေးနာမည်ကြီးသည်။
YOU ARE READING
My Nerdy Boy
RomanceYou're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my imagination.Thank you. Start date-1/11/2020 End date-21/2/2021