Chapter-36

538 61 0
                                    

Zawgyi

ဖြိုးဉာဏ်ကိုပေးထားသည့်ကတိအတိုင်း ဒီပိတ်ရက်မှာတော့ ဆောင်းဦးသူတို့ကိုမုန့်လိုက်ကျွေးရတော့သည်။သူကတိပေးထားတာတော်တော်ကြာနေပြီလေ။သူမှတ်မိသလောက်ဆို နှစ်လနီးပါးလောက်တောင်ရှိနေပြီထင်သည်။အခုမှလိုက်မကျွေးရင်လည်း ဖြိုးဉာဏ်ရဲ့အဆဲစကားလုံးတွေနဲ့ရင်ဆိုင်ရတော့မှာ။

ဆောင်းဦးအပြင်မထွက်ချင်ပေမယ့်လည်း ဝယ်စရာရှိသောကြောင့် စနေနေ့ကိုမုန့်လိုက်ကျွေးဖို့ ဆုံးဖြတ်လိုက်သည်။ဖြိုးဉာဏ်ကနေ့လယ်သုံးနာရီလောက်ကျရင် သူ့မိဘတွေကို ဆေးခန်းသွားပြရမှာဖြစ်သည့်အတွက် သူတို့စောစောစီးစီးသွားဖို့ ဆုံးဖြတ်လိုက်ကြသည်။နေ့လယ်ဆယ့်နှစ်နာရီလောက်မှာ သူ့ကိုလာခေါ်မှာဖြစ်သည့်အတွက် အစောကြီးတော့ထစရာမလို။

နံနက်ဆယ်နာရီလောက်ပဲရှိသေးသောကြောင့် သူခြံထဲကခုံတန်းမှာထိုင်ကာ စာလုပ်နေသည်။Chocoကတော့ ခြံထဲမှာပတ်ပြေးရင်း တစ်ယောက်တည်းကစားနေရှာသည်။ခြံတံခါးဖွင့်သံကြောင့် သူအဝကိုကြည့်လိုက်တော့ သူရကခြံထဲဝင်လာတာကိုတွေ့ရသည်။Chocoကသူ့ကိုတွေ့တော့ အရှိန်နှင့်ပြေးသွားကာ ချက်ချင်းသူ့အပေါ်ခုန်တက်လာသည်။

သူ့ပေါ်ခုန်တက်လာတဲ့ အကောင်ပေါက်လေးကိုချီပြီး သူရ ဆောင်းဦးအနားကိုလျှောက်လာလိုက်သည်။ဘေးကလွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်တော့ မျက်မှန်ကိုပင့်တင်ရင်း သူ့ကိုမော့ကြည့်လာသည်။

"အစ်ကို အလုပ်ရှုပ်နေတာလား"

"မရှုပ်ပါဘူး။ဒီအတိုင်းပဲစာလုပ်နေတာ"

"တော်သေးတာပေါ့။ကျွန်တော်အနှောင့်အယှက်များပေးမိပြီလားလို့"

"မဖြစ်ပါဘူး သူရရဲ့။ပြီးတော့အစ်ကိုနဲ့မင်းကအားနာရမယ့်သူတွေမှမဟုတ်တာ။ဒါနဲ့ဒီကိုလာတာကိစ္စရှိလို့လား"

"မရှိပါဘူး။ဒီတိုင်းပဲအိမ်မှာနေရတာအဆင်မပြေလို့ ဒီဘက်ကိုလာတာ"

သူရဆီကသက်ပြင်းချသံကြောင့် စာအုပ်ကိုပိတ်လိုက်ရင်း သူ့ကိုကြည့်လိုက်သည်။သူရမျက်နှာကလုံးဝမကောင်းသောကြောင့် သူ့လက်ကိုဖွဖွလေးဆုပ်ကိုင်လိုက်သည်။

My Nerdy BoyWhere stories live. Discover now