(၃၄)

1.1K 139 27
                                    

"Jerry နေမကောင်းဘူးလား"

သုထက်သည် အခန်းထဲသို့ဝင်ဝင်ချင်းပင် Jerryအခြေနေအားလှမ်းကြည့်ကာ မေးလိုက်သည်။ Jerryက ဘာမှမပြောဘဲ တံခါးlockချပြီးသည်နှင့် သုထက်ကို လာဖက်ထား၏။

"ကိုယ့်ကလေးလေး ဘာဖြစ်နေတာတုန်း"

"ကိုကို့ကို ဒီအတိုင်းလေး ခဏလေးဖက်ထားလို့မရဘူးလား"

"ရပါတယ်...ကိုယ်က စိတ်ပူသွားလို့...နဂိုကဆို ကိုယ့်ကို မပျင်းအောင် တရစပ်စကားတွေပြောနေတဲ့သူက ဒီနေ့အရမ်းငြိမ်နေလို့လေ"

Jerryသည် သုထက်ကိုယ်ပေါ်သို့ ကလေးများလို ခိုတွယ်တက်ရင်း....

"ကိုကို Jerryဘာမှမစားရသေးဘူး"

"ဒါတွေသိလို့ ကြိုက်တာတွေချည်း ဝယ်လာပါတယ်ခင်ဗျာ"

သုထက်တစ်ယောက် ဝယ်လာသည်များနှင့်အတူ Jerryကိုလည်း သယ်ရင်း မီးဖိုခန်းထဲသို့ ဝင်လာရသည်။

"မနက်ကအစောကြီးနိုးပြီး ဘာလုပ်နေလို့တုန်း...အဲ့လိုမနေနဲ့လေ...ကျန်းမာရေးတွေ ထိခိုက်ကုန်ဦးမယ်"

သုထက်သည် စားစရာများအား ပန်းကန်ထဲသို့ လွှဲပြောင်းထည့်ရင်း ပါးစပ်ကလည်း ပွစိပွစိပြောနေမိသည်။ Jerryကတော့ ထိုစကားများကို ကြားသော်လည်း သုထက်အား အကြည့်သေများဖြင့် ကြည့်နေတော့သည်။

"ကဲ....ပြောတော့....ကိုယ်ညာတာမကြိုက်ဘူးနော်...ဘာဖြစ်လို့လဲ...ကိုယ့်ကလေးလေးကို ဘယ်သူစိတ်ညစ်အောင်လုပ်လဲ"

သုထက်သည် ကြေးအိုးပန်းကန်နှင့် ကြက်ဆီထမင်းပန်းကန်အား Jerryရှေ့ချပေးကာ မေးခွန်းထုတ်တော့သည်။

"ဘယ်သူမှမလုပ်ပါဘူး....Jerryဘာသာဖြစ်နေတာပါ....ကိုကိုသိပါတယ် Jerryက တစ်ခါတလေ အဲ့လိုပဲ အတွေးလွန်နေတတ်တယ်လေ"

Jerryသည် သုထက်ထည့်ပေးထားသည်များကို ပါးစပ်ထဲ ပလုတ်ပလောင်းထည့်ဝါးရင်း .....

"စားကောင်းလိုက်တာ...."

"အင်း...ဖြည်းဖြည်းစား....ရေယူပေးမယ်"

ပြောပြောဆိုဆိုဖြင့် သုထက်က ရေခဲသေတ္တာဖွင့်ကာ ရေတစ်ဘူးနှင့် ရေခွက်တစ်ခွက် ထယူသည်။ ဤသည်ကိုကြည့်ရင်း Jerryတစ်ယောက် မျက်ရည်ကထွက်လာတော့သည်။

ခြွင်းချက်မဲ့စွာWhere stories live. Discover now