(၂၃)

1.3K 234 35
                                    

"မင်းရောဘာတွေလုပ်ဖြစ်နေတာလဲ"

စစ်သွေးက သုထက်ကို စကားစလိုက်၏။ သုထက်နှင့်သော်ဇင်သည် စားပွဲ၏တစ်ဖက်၌ထိုင်ကြ၍ စစ်သွေးက သော်ဇင်နှင့် မျက်နှာချင်းဆိုင်ထိုင်နေသည်။ စစ်သွေးသည် ချိန်းထားသည်ကိုဖျက်၍ သုထက်တို့နှင့် နေ့လယ်စာစားရန်ပြင်နေခြင်းဖြစ်သည်။

"ဘာမှမလုပ်ဖြစ်ဘူး...အရင်တိုင်းပဲ"

"မင်းလေမနေသင့်တော့ဘူးနော်"

"အင်း...ငါသဘောပေါက်ပါတယ်"

သော်ဇင်သည် သူငယ်ချင်းနှစ်ယောက်၏ စကားဝိုင်းထဲ ဟိုကြည့်သည်ကြည့်ဖြင့်သာ ထိုင်နေမိသည်။ ခေတ္တမျှကြာတော့ မှာထားသည်များကို စားပွဲထိုးလေးနှစ်ယောက်က ယူလာပေးသည်။

မိမိအရှေ့သို့လာချပေးသော အနံ့မွှေးကြိုင်သည့် ပန်းကန်သို့ သော်ဇင်မျက်စိကျမိသွားသည်။ အသားတော့အသားပင်....ဘာအသားမှန်းသာမသိတာ။ နူးနူးညံ့ညံ့ချက်ထားပြီး ဆီတစ်မျိုးလောင်းထားကာ အပေါ်မှ ငရုတ်ကောင်းလိုလို အမှုန့်လေးများလည်း ဖြူးချထားသည်။ ဤအစားစာအား သုံးဆောင်ရန် ဓားနှင့်ခက်ရင်းကလည်း ဘေး၌အသင့်....သို့သော် မည်သို့စားရမည်ကိုမသိသော သော်ဇင်က ကလေးလိုမျိုး သုထက်ဘက်သို့ လှည့်ကြည့်သည်။ သုထက်ကတော့ သူ့ဘာသာ အလုပ်ရှုပ်နေပြီး သော်ဇင့်ဘက်သို့ လှည့်တောင်မလှည့်။

"ဒီဟင်းက ဆိုင်မှာ တော်တော်ရောင်းကောင်းတဲ့အမျိုးအစားထဲပါတယ်...သုံးဆောင်ကြည့်ပါဦး...အခြေနေဘယ်လိုရှိမလဲဆိုတာလည်း သိချင်လို့် ပြောပြပါဦး"

အသင့်အနေထားနှင့် စနစ်တကျ ပိုင်းဖြတ်လှီးပေးထားသော ဟင်းပန်းကန်အား စစ်သွေးက သော်ဇင့်ရှေ့သို့ချပေး၍ သော်ဇင့်ပန်းကန်ကိုတော့ သူ့ဆီပြန်ယူသွားလေသည်။ သော်ဇင်က ပြူးတိပြူးကြောင်ရုပ်လေးဖြင့် ပြန်ကြည့်တော့ စစ်သွေးက မြည်းကြည့်လေပုံစံဖြင့် မျက်ခုံးပင့်ပြကာ စောင့်ဆိုင်းနေသည်။

သော်ဇင်သည် ခက်ရင်းကို ချီတုံချတုံဖြင့်ကိုင်ကာ စစ်သွေးအသင့်လှီးဖြတ်ပေးထားသည့် အသားတုံးအား နှိုက်ယူမြည်းစမ်းကြည့်လိုက်သည်။ ပါးစပ်ထဲရောက်မှ အမဲသားမှန်းသိတော့သည်။ နူးညံ့မှုအတိုင်းအတာက ပါးစပ်ထဲပင်ပျော်ဝင်သွားမည်။ ချိုချဉ်အရသာကို ခံစားရသည်။ ဟင်းအနှစ်ကို ခရမ်းချဉ်သီးဖြင့် ရောစပ်လုပ်ထားခြင်းဖြစ်လိမ့်မည်။ သို့သော် ခါးသက်သည့်အရသာအနည်းငယ်တော့ရမိသည်။

ခြွင်းချက်မဲ့စွာWhere stories live. Discover now