(၄၅)

455 65 3
                                    

စစ်သွေးနှင့်အတူ ကော်ဖီဆိုင်သို့ရောက်နေသည့် သော်ဇင်မှာလည်း မှာထားသောကော်ဖီကိုသာ ငုံ့သောက်နေသောကြောင့် ခွက်ထဲရှိရေခဲသံများတောင် ကြားနေရလေပြီ။

"နောက်တစ်ခွက်ထပ်ယူဦးမလား"

"အာ...."

စစ်သွေးစကားသံကြားမှ သော်ဇင်ခေါင်းထောင်ကြည့်လိုက်ကာ ခေါင်းလေးခါရင်း ရယ်ပြလိုက်သည်။

"ကိုယ့်ကိုဘာမှပြောစရာမရှိဘူးလား"

"ဆိုင်မှာ လူကျရဲ့လား"

"အင်း အနေတော်ပါပဲ"

"အင်း....."

သော်ဇင်ပြောစရာစကားရှာမတွေ့တော့သဖြင့် ငြိမ်ငြိမ်လေး ထိုင်နေပြန်သည်။

"ဒါဖြင့် ကိုယ်ပဲ စကားကဆက်ပြောရတော့မယ်ထင်တယ်"

သော်ဇင်က ဘာမှမတုံ့ပြန်သော်လည်း အကြည့်လေးနဲ့တော့ ဘာပြောမှာလဲဆိုသည့်သဘောဖြင့် စစ်သွေးကိုကြည့်နေလိုက်သည်။

"ကိုယ်လည်း ဖွင့်ပြောမှပဲ ရတော့မှာမို့၊ ဟိုကောင် သုထက်ကိုလည်း ရင်မဖွင့်ရဲဘူး....အဆဲခံနေရမှာမို့"

စစ်သွေးက ထိုသို့ပြောပြီး သော်ဇင့်ကို အကဲခတ်ကြည့်လိုက်သည်။ သော်ဇင်ကငြိမ်နေသဖြင့် ဆက်ပြောရန်ပြင်လိုက်၏။

"ကိုယ်မင်းကိုသဘောကျနေလို့ပါ၊ ဖြစ်နိုင်မယ်ဆို ချစ်သူရည်းစားတွေအထိပါ ဖြစ်ချင်ပါတယ်"

သော်ဇင်သည် မျက်မှောင်လေးမသိမသာကုပ်သွားကာ သုထက်ဖုန်းဆက်လာစေရန် မျှော်လင့်နေမိသည်။

"သော်ဇင်....ကိုယ်ပြောတာ ကြားလိုက်ရဲ့လား"

"ဟုတ်....ကြားလိုက်ပါတယ်"

သော်ဇင်သည် အရင်ကလို ပြုံးမနေတော့၊ ခပ်တည်တည်ဖြစ်နေသည်လည်းမဟုတ်၊ စစ်သွေးကို ရုပ်သေဖြင့် ကြည့်နေသည်။

"ကိုစစ်သွေးဘက်ကနေ အစစ အရာရာကူညီဖူးတာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကိုစစ်သွေးကို ပြန်စိတ်ဝင်စားဖို့ ကျွန်တော့်ဘက်က အဆင်မပြေပါဘူးခင်ဗျ"

ဒီစကားကိုလည်း ကျိန်းသေပေါက်ကြားရမည်ဟု စစ်သွေးဘက်က တွက်ချက်ထားပြီးဖြစ်သည်။

ခြွင်းချက်မဲ့စွာWhere stories live. Discover now