(၂)

3.5K 341 19
                                    

Unicode

အောက် အီး အီး အွတ်.....

မနေ့ကလာတာ ကြက်မတွေ့ပါဘူး...ဘယ်လိုဖြစ်လို့ ဒီကြက်က ဒီလောက်အော်နေရတာလဲ။

သုထက်တစ်ယောက် အခန်းထဲ၌ တစ်ယောက်တည်း လူးလိမ့်နေရင်း ကြက်တွန်သံကောင်းမှု အကြောင်းပြု၍ စောစောစီးစီး နိုးခဲ့ရသည်။ ဘေးမှ phကိုကောက်ယူဖွင့်ကြည့်တော့ ခြောက်နာရီတိတိထိုးနေလေပြီ။ သို့သော် နေဖင်ထိုးရုံမကလို့ နေလုံးကြီးဝင်သည်အထိ အိပ်တတ်သော သုထက်အဖို့ အတော်ကို အဆင်မပြေလှ။ ပြန်အိပ်မည်ဟု စဉ်းစားလိုက်သော်လည်း....

"သုထက်ရေ...ထလေ...မနက်စာစားမယ်"

အခန်းဝမှ အဘိုး၏ အော်နှိုးသံက နားထဲစီခနဲ....။ ပြန်အိပ်လို့လည်း မရတော့သည့်အဆုံး အိပ်ရေးမဝတဝဖြင့် မျက်နှာသစ်ရန် ပစ္စည်းအစုံအလင်ဖြင့် အခန်းပြင်ထွက်လာခဲ့ရသည်။ သုထက် အခန်းရှေ့ထွက်လာတော့ ဟိုပိုးဟပ်ဖြူ အသံကိုကြားနေရသည်။ အဘိုးနှင့် စကားတွေပြောပြီး တဟားဟားဖြင့် နှစ်ယောက်သား ရယ်နေကြသည်။

"ဟိုကောင်နဲ့ စကားပြောလို့အဆင်ပြေရဲ့လား"

"ပြေပါတယ် အဘိုးရဲ့...ဒါမယ့် သူက ကလေးလိုပဲနော်"

"ဟား ဟား ဟား....ဟုတ်ပါ့ဗျား...ဒီက ငါ့မြေးတောင် သူ့ထက်အစစအရာရာ ရင့်ကျက်မှုရှိတယ်...သူက ငယ်ငယ်တည်းက ဖူးဖူးမှုတ် အလိုလိုက်ခံထားရတော့ ထိန်းမရသိမ်းမရ လုပ်ချင်တာဇွတ်တရွတ်လုပ်နေတာ...အဲ့ဒါကြောင့် အခုချိန်ထိ သုံးစားမရသေးတာပဲ ကြည့်တော့"

"ဒါပေမယ့် အရမ်းအဆိုးကြီးတော့မဟုတ်သလိုပါပဲ"

"အဲ့ဒါလည်းဟုတ်တယ်...အခုနောက်ပိုင်း သူစိတ်လေနေတာက ပိုများတယ်...ဘာကြောင့်ဆို အဘိုးချွေးမ သူ့အမေက နောက်အိမ်ထောင်ပြုသွားပြီး သူ့ကိုထားသွားတယ်လေ...သူက အမေသိပ်ကပ်တဲ့ကောင်....အဲ့လိုဆိုတော့ သူ့အတွက် အဆင်မပြေဘူးပေါ့"

"သြော်...ကိုထက်သနားပါတယ်နော်"

ဦးတိုးငွေက ပြုံးသည်။ ထိုအပြုံးကို သော်ဇင်နားမလည်သော်လည်း အဘိုးနှင့်ထပ်တူ လိုက်ပြုံးလေသည်။

ခြွင်းချက်မဲ့စွာWhere stories live. Discover now