(၃)

2.7K 339 22
                                    

Unicode

"ကိုထက်...နေပူတယ်လေ...ထီးအရိပ်က လျှောက်ပါဗျ"

တကယ်ပါပဲ...သူ့အရပ်ကြီးမှ အားမနာ...ကျွန်တော် ထီးလိုက်ဆောင်းပေးနေရတာနဲ့တင် ကျွန်တော်ပါ နေပူခံနေရသည့်ဖြစ်ခြင်း...။

"ကိုယ့်ဘာသာဆောင်းပါလို့ပြောတယ်လေ...ငါကရတယ်"

"မရဘူးလေ...ကိုထက် စောနကပဲ ခေါင်းလျှော်ထားတာလေ...အပူရှပ်မယ်ဆို...ပြီးတော့ လမ်းကိုဖြည်းဖြည်းလျှောက်ပါ"

သုထက် အနည်းငယ်ရယ်ချင်သွား၍ နှုတ်ခမ်းအသာလေးတွန့်သွားသည်။ ရယ်တာကို ဒီအဖြူကောင်မသိစေချင်...။ သော်ဇင့်ခမျာ မသိလျှင် သူ့အနောက်က ပေမမှီ ထောင့်မမှီ bodyguardတစ်ယောက်လိုပင်...လူကပုတော့ ခြေလှမ်းကလည်းစိတ်...ကိုယ့် ခြေလှမ်းက တစ်ခါလှမ်းရင် လွှားခနဲ လွှားခနဲ...သူ့ခမျာ ထီးက လိုက်ဆောင်းပေးချင်တော့ ပြေးပြီးလိုက်နေရသလိုဖြစ်နေသည့် ကိုးရို့ကားယားပုံစံက ရယ်ဖို့ကောင်းသည်။

သုထက် လမ်းလျှောက်တာ အရှိန်လျော့ပြီး အနောက်ကို လှည့်ကြည့်တော့ မျက်နှာလေးတစ်ခုလုံး ရဲတွတ်နေသည့် သော်ဇင့်ကို တွေ့လိုက်ရသည်။ အသားကအရမ်းဖွေးနေတော့ နေပူဒဏ်သိပ်မခံနိုင်ဘူး ထင်ပါရဲ့။ သုထက် သော်ဇင့်လက်ထဲက ထီးကို ဆွဲယူလိုက်သည်။ မဆောင်းဘူးပြောပြီး လက်ထဲမှ ထီးပါသွားတော့ ကလေးတစ်ယောက်လို သုထက်ကို ထူးဆန်းပြီး လိုက်မော့ကြည့်သည်။

"ကြည့်မနေနဲ့...မင်းကြည့်ရတာ...ဘုန်းကြီးကျောင်းမရောက်ခင် လမ်းတင်အသက်ထွက်သွားမှာစိုးလို့...လာ ဘေးကို...မမှီတာကို အတင်းဆောင်းပေးချင်နေသေးတယ်"

သော်ဇင်ဘာမှပြန်မပြောပဲ သုထက်ဘေးကိုကပ်လိုက်ကာ နှစ်ယောက်သား ခရီးထပ်ဆက်ကြသည်။ ရွာလမ်းသည် မြေနီလမ်းလေးဖြစ်သောကြောင့် တစ်မျိုးတစ်ဖုံတော့ သာယာသည်။ ဦးတိုးငွေအိမ်သည် ကားဖြင့်လာလျှင် ရွာထိပ်တွင်ရှိသည်။ သို့သော် ဘုန်းကြီးကျောင်းရှိသည့်ဘက်က ရွာထိပ်ဆိုတော့ ရွာထိပ်က နှစ်ဖက်များရှိနေတာလားဟု သုထက်တွေးနေမိသည်။ ဘေးမှ အဖြူကောင်ကိုကြည့်တော့...ကြည့်သည်ဆိုသည်ထက် ငုံ့ကြည့်သည်ဆိုရလျှင် ပိုမှန်သည်...အခုမှ အိ‌န္ဒြေရစွာလမ်းလျှောက်နေနိုင်သည်။ သူ့လက်ထဲမှ ကိုင်လာသည့် စာအုပ်ကို ထပ်စပ်စုကြည့်သည်။ မြန်မာ့သမိုင်းကြောင်း ဇာတိမာန်ပုံပြင်များဆိုပဲ...ဘုန်းကြီးကျောင်းသွားပြီး ဒီစာအုပ်နဲ့ သူဘာလုပ်မလို့ပါလိမ့်။

ခြွင်းချက်မဲ့စွာWhere stories live. Discover now