(၄၆)

446 61 11
                                    

သော်ဇင်တစ်ယောက် လန်းလန်းဆန်းဆန်းဖြင့် နိုးလာခဲ့သည်။ သူ့ဘေးမှာ ဘယ်သူမှတော့မရှိ။ အပျင်းပြေအကြောဆန့်မိပြီး နာရီလှမ်းကြည့်တော့ မနက် ၁၀နာရီ ရှိနေလေပြီ။

"ဟမ်...."

ထိုအချိန်သို့ရောက်သည်အထိ မအိပ်ဖူးသဖြင့် အံ့ဩသွားကာ အိပ်ခန်းထဲမှ အမြန်ထွက်လာမိသည်။ ထွက်ထွက်ချင်းပင် သုထက်နှင့်ဝင်တိုက်မိကာ ပိုလန့်သွားရသည်။

"နိုးပြီလား.....မဟုတ်တောင် အခုပဲ လာကြည့်တာ၊ အဖျားမကျလို့လားဆိုပြီး"

သုထက်က ပြောရင်းဆိုရင်း နဖူးစမ်းကြည့်လိုက်သည်။ ကိုယ်တော့မပူနေ။

"အဖျားတော့မရှိတော့ပါဘူး၊ အခုဘယ်လိုနေသေးလဲ"

"ကောင်းသွားပြီ"

"ဗိုက်ဆာပြီလား"

"နည်းနည်း...."

"မျက်နှာသစ်ပြီး အောက်ဆင်းခဲ့နော်"

သော်ဇင်သည် သုထက်ကို ခေါင်းညိမ့်ပြလိုက်ကာ မနေ့ညက သူ့ဘေးမှာအိပ်ပေးခဲ့သည်ကို သတိရသွားတော့ မျက်နှာပူလာသည်။ သုထက်ကတော့ အောက်သို့ ပြန်ပြေးဆင်းသွားပြီဖြစ်သည်။
.
.
.
.
.

"ဘာတဲ့လဲ....သက်သာလား"

ဦးတိုးငွေက သုထက်ကို လာစပ်စုနေသည်။ သုထက်က သော်ဇင်စားဖို့ မနက်စာပြင်ပေးနေတာဖြစ်သည်။

"အင်း....အဖျားမရှိတော့ဘူး"

"တော်သေးတာပေါ့၊ သူဖျားရင် လူမသိဘူး၊ ဆေးကြောက်တာရယ် သူ့ဘာသာကြိတ်ပြီးနေတာရယ်နဲ့"

ဦးတိုးငွေသည် သုထက်အလုပ်ရှုပ်နေသည်ကို နံရံမှီပြီး ကြည့်နေမိသည်။ လောကဓံရဲ့ ပုံမှန်ပြကွက်တွေပါပဲဟုတွေးကာ မြေးဖြစ်သူကိုကြည့်ပြီး ရယ်ချင်တာပဲသိသည်။ မဟုတ်ရင် ကျေနပ်နေတာ။

"အဘိုး...."

ထိုစဉ် အသံပိစိလေးဖြင့် ခေါ်သံကြောင့် အနောက်လှည့်ကြည့်လိုက်သည်။

"ဟေ မြေး၊ သက်သာလား"

"ဟုတ် ကောင်းသွားပါပြီ၊ ထတာ နည်းနည်းနောက်ကျ...."

"အိပ်ရမှာပေါ့၊ နေမကောင်းတဲ့သူက များများအိပ် များများစားရတယ်လေ"

ခြွင်းချက်မဲ့စွာWhere stories live. Discover now