(၃၁)

1K 143 19
                                    

သုထက်တို့ထွက်သွားပြီးချိန် တိတ်ဆိတ်စွာကျန်ခဲ့သည့် လူနှစ်ယောက်....။ စစ်သွေးကတော့ ငြိမ်သက်နေသည့် Jerryအား အကဲခတ်လိုက်ကာ....

"အင်း...လယ်ပြင်မှာဆင်သွားသလို ထင်းနေတာပဲ"

"လယ်ပြင်က အစထဲက သူ့ဟာသူနေနေတာ...ဆင်ကရောက်လာတာ...အဲ့တော့ အဲ့လယ်ထဲ ဆင်မလာအောင် ကာထားလို့ရတယ်"

Jerryသည် စိတ်အနည်းငယ်တိုနေသည့် လေသံဖြင့် စစ်သွေးအား ပြန်ပြောရင်း ခုံပေါ်၌ ထိုင်ချလိုက်သည်။ စစ်သွေးလည်း ဆိုင်ထဲရှိ ဧည့်သည်အချို့၏ အခြေနေများကို အကဲခတ်ပြီးမှ Jerryနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။

"လယ်ကိုပစ်ထားပါများတော့ ဆင်ကလာတာပေါ့"

"မဟုတ်ဘူး...ဆင်ဝင်လာရင်တောင် တွေ့တာနဲ့ရအောင်မောင်းထုတ်မှာပဲ...ထွက်မသွားမချင်း"

စစ်သွေးကရယ်ရင်းဖြင့်....

"ဆင်ကိုလည်းအရမ်းထိအောင်မလုပ်နဲ့....သူ့အစွယ်ကိုလိုတဲ့သူကရှိနေသေးတယ်လေ"

"ဒါဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် ဆင်ကိုမောင်းနေတဲ့အချိန် အစွယ်လာဖြုတ်ပေါ့"

Jerryသည် ထိုသို့ပြောပြီး ထပြန်မည်အလုပ် phဝင်လာသည်နှင့် မည်သည်ကိုမျှမကြည့်ဘဲ ကိုင်လိုက်မိသည်။

"ဟယ်လို baby...."

တစ်ဖက်မှ ထိုအသံကြားသည်နှင့် Jerryသည် phကိုနားမှခွာကာ ကြည့်မိတော့ သူအရမ်းကိုအမြင်ကပ်သည့် ph no.တစ်ခု။

"ငါဆယ်သိန်းလောက်လိုနေလို့ ပေးချင်သေးလား....မပေးချင်လည်းဖြစ်ပါတယ်....ငါလုပ်စရာရှိတာတော့ တာဝန်ကျေပေးရတာပေါ့"

အာရုံတွေများရတဲ့အထဲ အာရုံထပ်စားရသည့်အခြေနေသို့ရောက်လာပြန်သည်။

"လွှဲပေးမယ်...."

ထိုသို့ပြောပြီး Jerryသည် phချကာ စစ်သွေးဘက်သို့ လှည့်ကြည့်ရင်း....

"ကိုစစ်သွေး ကျွန်တော်ပြန်တော့မယ်...."

"ငါလိုက်ပို့ဖို့လို...."

"နိုး...နိုး...မလိုဘူး....အဆင်ပြေတယ်...ကိုစစ်သွေးသာ ဆက်ကြိုးစားနေပါ...ဒီပုံလိုမျိုးနဲ့ ကိုစစ်သွေးက အဝေးကြီးမှာ"

ခြွင်းချက်မဲ့စွာWhere stories live. Discover now