"ဘယ်အရသာစားချင်လဲ"
သုထက်သည် သော်ဇင့်အား ရေခဲမုန့်ဆိုင်သို့ ခေါ်ချလာသည်။ သင်တန်းစတက်တက်ချင်းနေ့၌ပင် လက်အပူလောင်သွားသောကြောင့် သုထက်စိတ်ထဲ သော်ဇင့်အတွက် စိတ်မကောင်း....။ တစ်ခုခုစားရင်း စိတ်ပျော်သွားစေရန် တွေးမိသောကြောင့် ခေါ်လာခဲ့သည်။
သော်ဇင်သည် Menu cardပေါ်ရှိ ရေခဲမုန့်ခွက်လှလှလေးများအားကြည့်ရင်း သူဘာကို ပြောလို့ပြောရမယ်မှန်းမသိ။ သုထက်က သော်ဇင့်အား ကြည့်နေရင်းမှ....
"ဒါစားကြည့်မလား...ချယ်ရီသီးလေးလည်းပါတယ်...ချောကလက်အရသာနဲ့"
"ချယ်ရီသီးလား"
"အင်း..."
သော်ဇင်မျက်စိကျနေသည်က စတော်ဘယ်ရီခွက်ဆီသို့....။
"ဟုတ်ပြီ...မင်းက ဒါမှာ...ငါက ဒါမှာမယ်...ပြီးရင် လဲစားကြတာပေါ့"
သူ့အကြိုက်အား လက်ညိုးထိုးပြ၍ သုထက်ကမှာလိုက်သည်ကိုသိတော့ သော်ဇင်သည် ဆွံ့အသွားမိသည်။ သုထက်က ပြုံးရင်းဖြင့်....
"မင်းတောင် ငါ့အခြေနေကြည့်ပြီး နားလည်သေးတာပဲ...ငါလည်း အဲ့လောက်တော့ သိပါတယ်"
ထိုစဉ် မြှီးကောင်ပေါက်မလေးတစ်စုတို့က သော်ဇင်နှင့်သုထက်တို့ဘေးဝိုင်း၌ ထိုင်နေရင်း လှမ်းကြည့် လှမ်းကြည့်လုပ်နေကြသည်။ သုထက်ရော သော်ဇင်ရော သတိထားမိသော်လည်း အတွေးချင်းကမတူကြ...။ သုထက်က ဒီလိုမျိုးတွေကို သိနေမြင်နေကြမို့ ဘာမှမဖြစ်...ရယ်ချင်တာပဲသိသည်။
သော်ဇင့်အတွေးကတော့ သူ့ပုံစံတစ်ခုခုများ ဖြစ်နေလို့လားဆိုသည့် မလုံမလဲအတွေး...။ သူတို့က ဓာတ်ပုံတောင် ခိုးရိုက်နေသလားပင်...။ phလေးတွေ တထောင်ထောင်နဲ့မို့ သတိထားမိလိုက်ခြင်းဖြစ်သည်။
"ငါမင်းကို ပွင့်ပွင့်လင်းလင်းတစ်ခုလောက် မေးလို့ရလား"
သုထက်က မေးစေ့ကို လက်ဖြင့်ပွတ်သပ်ရင်း သော်ဇင့်ကိုကြည့်ကာ စကားစလိုက်သည်။ သော်ဇင်သည် ခေါင်းညိမ့်ပြလျက်...
"မေးပါ ကိုထက်ရဲ့"
"မင်းက ငါ့လိုပဲလား"
သုထက်စကားအားနားမလည်၍ သော်ဇင်က ခေါင်းခါလိုက်ရင်း...
YOU ARE READING
ခြွင်းချက်မဲ့စွာ
Romanceလူသားတစ်ယောက်ဖြစ်တဲ့အတွက် ခြွင်းချက်တွေရှိနေမှာပေါ့...... .....သို့သော် ချစ်ခြင်းမေတ္တာအတွက် ခြွင်းချက်တွေမလိုဘူးလေ (BL Drama,Romance) {Zaw+Uni} Start Date...25, November, 2019