(၄၀)

821 93 11
                                    

သုထက်သည် စစ်သွေးနှင့် ချိန်းထားသဖြင့် တွေ့နေကြဆိုင်သို့ ရောက်လာခဲ့သည်။ စစ်သွေးကတော့ အရင်ရောက်နှင့်နေတာဖြစ်ပြီး ဝီစကီတစ်ခွက်ကို သောက်နှင့်နေသည်။

"ငါလာတာ နောက်မကျပါဘူး"

"ငါကိုက စောရောက်နေတာပါ"

သူငယ်ချင်းနှစ်ယောက် ပြုံးပြုံးရွှင်ရွှင်ပင် နှုတ်ဆက်လိုက်ကြကာ သုထက်ကို စစ်သွေးက ဝီစကီတစ်ခွက်ငှဲ့ပေးသည်။

"အေး ငါမသောက်ရတာတောင်ကြာပြီ"

သုထက်သည် စစ်သွေးထည့်ပေးသော ဝီစကီကို ကုန်အောင်မော့ချလိုက်သည်။

"မသောက်ဆို ငါတို့လည်း မတွေ့ဖြစ်ကြဘူးမလား"

"ကျန်တဲ့နှစ်ယောက်ဘာလုပ်နေကြလဲ"

"တစ်ယောက်က အလုပ်ကိစ္စနဲ့ ဒူဘိုင်းရောက်နေတယ်၊ နောက်တစ်ယောက်ကတော့ သူ့အလုပ်နဲ့သူ မအားတာပါ"

သူငယ်ချင်းတွေကတော့ အလုပ်ကိုယ်စီနဲ့မို့ သုထက်စိတ်ထဲ တစ်မျိုးတစ်မည်တော့ ဖြစ်သွားရပါသည်။

"သုထက်"

မျက်နှာချင်းဆိုင်ထိုင်နေရင်းမှ စစ်သွေးက နာမည်တပ်ပြီး အသေချာခေါ်လိုက်သောကြောင့် သုထက်ဘက်က အာရုံစိုက်ပေးလိုက်သည်။

"ငါနဲ့မင်းက သူငယ်ချင်းအရင်းကြီးပါ၊ အဲ့တော့ ငါလည်း ပြောချင်တာ တည့်ပဲပြောတော့မယ်"

သူထင်နေတာမဖြစ်ပါစေနဲ့ဟု သုထက်စိတ်ထဲ တွေးနေမိသည်။

"ငါ သော်ဇင့်ကို သဘောကျတယ်"

ငါထင်နေတာ ဟုတ်တာပဲဟု သုထက်စိတ်ထဲ တွေးသွားတော့သည်။ သုထက်သည် စစ်သွေးကို ခေတ္တမျှ စိုက်ကြည့်နေမိသည်။ ထို့နောက် ရယ်လိုက်လျက်....

"သူကအရမ်းငယ်သေးတယ်၊ မလုပ်နဲ့"

"ဒါဆို ငါစောင့်လိုက်ရင်ဖြစ်တယ်မလား"

"စစ်သွေး....သူအကြောင်းရှိလို့ ငါနဲ့ဒီကို နယ်ဘက်ကနေ လိုက်လာခဲ့တာ၊ သူ့ဘဝနဲ့သူ ဖြစ်ရမယ့်အချိန်မှာ ဘယ်သူမှ ဝင်မရှုပ်လေ ကောင်းလေပဲ"

"ဒါဆို မင်းရှုပ်တာကျ အဆင်ပြေတယ်ပေါ့"

စစ်သွေး၏ စကားအသွားအလာကို နားလည်သောကြောင့် သုထက်မျက်နှာတည်သွားကာ....

ခြွင်းချက်မဲ့စွာWhere stories live. Discover now