မနက်စောစော အဘိုးဖြစ်သူက လမ်းလျှောက်ကြမယ်ပြောသဖြင့် သော်ဇင်သည် ဦးတိုးငွေနှင့်အတူ ပါလာခဲ့သည်။
"ဒီမှာက နေရတာ နည်းနည်းကျဉ်းကျပ်တယ်နော် အဘိုး"
"ဟုတ်ပါ့ဗျာ၊ ဘယ်နားကြည့်ကြည့် ကားနဲ့လမ်းကမလွတ်ဘူး၊ ပြီးတော့ အဆောက်အဦးတွေကြီးပဲ၊ အပင်လည်း သိပ်ရှိမနေဘူး"
"အဘိုးအိမ်ကိုလွမ်းလိုက်တာ...."
သော်ဇင်သည် လမ်းမတစ်ဖက်သို့ မျှော်ကြည့်ရင်းဖြင့် ပြောလိုက်သည်။ ဦးတိုးငွေကတော့ ပြုံးပြုံးနှင့် ဆက်နားထောင်နေလိုက်သည်။
"ဟိုမှာဆို မနက်မိုးလင်း အမှိုက်တွေလှဲရမယ်၊ ဈေးသည်လာရင် ခေါ်စားမယ်၊ ပြီးရင် ရွာထဲက ဟင်းအမယ်လေးတွေ ချက်ကျွေးမယ်.....တကယ် သတိရတယ်"
သော်ဇင်သည် ဟင်းခနဲ သက်ပြင်းချရင်း သူ့ကိုပြုံးကြည့်နေသော ဦးတိုးငွေကို လှည့်ကြည့်လိုက်သည်။
"ဟင်... အဘိုး ဘာတွေပြုံးနေတာလဲ"
"မြေး အိမ်ပြန်ချင်ပြီလား"
သော်ဇင် ဟက်ခနဲရယ်မိကာ ခေါင်းလေးညိမ့်ပြသည်။
"အိမ်ပြန်တာကဟုတ်တယ်၊ အဘိုးရဲ့ နောက်ထပ်မြေးတစ်ယောက်ကို ဘယ်လိုလုပ်ရမလဲ"
သော်ဇင် ဘာမှပြန်မပြောနိုင်ပါ။ ဒီတိုင်း ဦးတိုးငွေကိုသာ ဆက်ကြည့်နေဖြစ်သည်။
"သုထက်က သားကို သူနဲ့နေလို့ ပြောထားတယ်မလား"
"ဟုတ်...."
"အဲ့ဒါဘယ်လိုလုပ်ကြမလဲ"
"ကိုထက်က...."
"အရမ်းတွယ်တာတယ်မလား"
ဦးတိုးငွေစကားကြောင့် သော်ဇင်ကြောင်သွားကာ မျက်လုံးလေး ကလယ် ကလယ် ဖြစ်သွားရသည်။ ဦးတိုးငွေကတော့ ရယ်ရယ်မောမောဖြင့်ပင်....
"ဒီကောင်က အချစ်ခံကောင်မြေးရဲ့၊ သူ့အမေရှိတုန်းကလည်း သူ့ကိုအရမ်းချစ်၊ အလိုလိုက်တာ၊ သူ့အဖေ အဘိုးသားကလည်း ပါးစပ်ကသာ ဘာပြောပြော သူ့သားက ဒါဆို ဒါ ချက်ချင်းလုပ်ပေးတဲ့အဖေမျိုး၊ အပေါင်းသင်းများများစားစား မရှိဘူး၊ ဒါပေမယ့် လူဝင်တော့ဆန့်နေသားပဲ၊ ပေါင်းတဲ့သူတိုင်းကို သူက ရင်ဘတ်ကြီးနဲ့ပေါင်းနေတာလေ၊ ခေါင်းသိပ်မသုံးဘူး၊ တစ်ချိန်ချိန်မှာ ဒါတွေက သူ့ကို တိုက်စားသွားမှာ အရမ်းစိုးရိမ်မိတယ်...."
YOU ARE READING
ခြွင်းချက်မဲ့စွာ
Romanceလူသားတစ်ယောက်ဖြစ်တဲ့အတွက် ခြွင်းချက်တွေရှိနေမှာပေါ့...... .....သို့သော် ချစ်ခြင်းမေတ္တာအတွက် ခြွင်းချက်တွေမလိုဘူးလေ (BL Drama,Romance) {Zaw+Uni} Start Date...25, November, 2019