(၄၈)

504 55 6
                                    

"ဟော....အန်ကယ်တောင် ရောက်လာပြီ၊ အဖေရေ"

သုထက်တစ်ယောက် company မှရှေ့နေရောက်လာသည်ကိုမြင်၍ ဦးထက်မင်းကို လှမ်းအော်လိုက်သည်။ သူ့သားဖြစ်သူ စာရွက်စာတမ်းများ အပိုအလိုမဖြစ်စေရန် ထပ်ပြီးထည့်ပေးဖို့ ဦးထက်မင်းက အခန်းထဲ သွားရှာနေတာဖြစ်သည်။

"အန်ကယ် အိမ်ထဲကြွပါဦးခင်ဗျ"

သုထက်သည် ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံနေရင်း လှေကားနား၌ ရပ်နေသည့် သော်ဇင့်ကို လှမ်းလှမ်းကြည့်ရသေးသည်။ ဒီကောင်လေးမျက်နှာက ဒီမနက်တစ်မျိုးပင်။ လူတိုင်းကို မျက်နှာငယ်နှင့် လိုက်ကြည့်နေသလို ခံစားရ၏။

"အဖေတစ်ယောက် ရုတ်တရက်ဆိုတော့ အလုပ်နည်းနည်းရှုပ်သွားလို့ပါ အန်ကယ်"

"ရပါတယ်ကွာ၊ သားလေးတစ်ယောက်က အားကိုးရလာပြီဆိုတော့ သူမေ့ပါစေဦး"

"ဟား ဟား ဟုတ်တယ်အန်ကယ်ရေ၊ ခဏနော်....."

ထိုသို့ပြောပြီး သုထက်သည် သော်ဇင့်ရှိသည့်နေရာသို့ ထလာခဲ့သည်။

"သော်ဇင်"

"ဟုတ်"

သုထက်က အနောက်သို့ ခဏလိုက်ခဲ့ရန် မျက်စပစ်ပြလိုက်သဖြင့် သော်ဇင်တစ်ယောက် အသာလိုက်လာခဲ့သည်။

"ကျွန်တော်ဘာလုပ်ပေးရမလဲဟင်"

သော်ဇင်က သုထက်ကို မော့ကြည့်ရင်းမေးလိုက်သည်။

"မရှိပါဘူး၊ ငါက မင်းအဆင်ပြေလား သိချင်တာပါ၊ မင်းအဆင်ပြေရဲ့လား၊ မနက်တည်းက မင်းကြည့်ရတာ ပင်ပန်းနေတဲ့ပုံနဲ့"

သုထက်သည် သော်ဇင့်မျက်နှာကို အသေအချာလိုက်ကြည့်ရင်း မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး ကိုထက်ရဲ့၊ စိတ်ထင်လို့ပါ၊ ကိုထက်လည်း လမ်းခရီးမှာ အစစ အရာရာ ဂရုစိုက်ပါနော်"

သော်ဇင်က ခေါင်းလေးရမ်းပြရင်း ပြုံးပြုံးလေးနှင့်ပြန်ဖြေသည်။

သုထက်သည် ဘေးဘီဝဲရာအရိပ်အကဲတစ်ချက်ကြည့်ရင်း သော်ဇင့်ရှေ့သို့ ခါးကိုင်းလာသည်။ ရုတ်တရက်မို့ သော်ဇင်လန့်သွားကာ သုထက်ကို မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေမိသည်။ ကိုထက် သူ့ကို စိုက်ကြည့်လျှင် သူ ရင်အမြဲခုန်နေတတ်သည်မလား။

ခြွင်းချက်မဲ့စွာWhere stories live. Discover now