"စစ်သွေးလာသေးလား"
"မလာဘူး၊ ဘာလို့ဆို ကိုထက်ပြန်လာပြီလို့ ပြောလိုက်လို့"
ထမင်းစားရင်း သုထက်မျက်နှာ၌ ကျေနပ်သည့်အပြုံးတို့က ထင်းခနဲပေါ်သွားရသည်။ သော်ဇင်ကတော့ သူ့ကိုထက်အတွက် ဟင်းများခပ်ထည့်ပေးနေပြီး ရေပါငှဲ့ပေးနေကာ ကျန်တာ သိပ်အာရုံမရ။
"ဒါနဲ့လေ....မနက်ဖြန် ပန်းချီပြပွဲအတွက် စီစဉ်ဖို့သွားရမှာ၊ ကိုယ်နဲ့လိုက်ခဲ့ပေးနော်"
"လိုက်ရမှာလား"
"မလိုက်ချင်ဘူးလား"
"မဟုတ်ပါဘူး၊ အဘိုးတစ်ယောက်တည်းဖြစ်နေမှာစိုးလို့၊ အဘိုးကိုပြောကြည့်လိုက်ဦးမယ်လေ"
စကားပြောတာ ခဏရပ်သွားပြီနောက် သော်ဇင်က သုထက်ကို ပြုံးပြီးကြည့်နေမိသည်။
"ကိုယ့်မမြင်ရတာကြာလို့ အဲ့လိုအကြာကြီးကြည့်နေတာလား"
"မ...မဟုတ်ပါဘူး၊ ကိုထက် ထမင်းစားနေတာကြည့်တာပါ"
သူ့မှာခင်တွယ်စရာ ဒီမိသားစုလေးရှိတာ ကံတရားပဲဟု သော်ဇင်တွေးနေမိတာ ဖြစ်သည်။ တကယ့်အဘိုးတစ်ယောက်လို ဂရုစိုက်ပေးတဲ့ ဦးတိုးငွေ၊ ကိုယ့်တူကိုယ့်သားလို အရိပ်တကြည့်ကြည့်နေတတ်တဲ့ ဦးထက်မင်းနဲ့ သူ့အပေါ်တစ်ခါမှ အခွင့်ကောင်းမယူတတ်သော ကိုထက်တို့နဲ့ တွေ့ဆုံရဖို့များ သူ့ကံကြမ္မာက ဒီလိုဖန်တီးထားသလားမသိ။ အကယ်၍ သူသာ အရင်က ဒုက္ခတွေကိုမဖြတ်သန်းနိုင်ခဲ့ရင် သူ့ဘဝက ဒီလိုသာယာလာမယ်ဆိုတာ သူသိနိုင်မှာမဟုတ်။
"သော်ဇင်...."
"ဟင်"
"ဘာတွေ အဲ့လောက်တွေးနေတာလဲ၊ ဘာလို့လဲ....ဘယ်သူဘာပြောထားလို့လဲ"
"မပြောထားပါဘူး ကိုထက်ရဲ့၊ ကျွန်တော် ဒီတိုင်း...."
"ထမင်းစားပြီးရင် အပြင်ခဏထွက်ကြမလား"
သော်ဇင်တစ်ယောက် ခေါင်းလေးသာ ခပ်သာသာညိတ်ပြလိုက်သည်။ သုထက်ကတော့ သူ့အမောပြေဘေး၌ ရှိနေပြီဖြစ်သဖြင့် ကျန်တာ သိပ်မတွေးတော့။
.
.
.
.
."အဘိုး"
သုထက်သည် ဦးတိုးငွေအခန်းထဲသို့ အသာလေးဝင်ကာ အိပ်နေကြောင်းကို သူနာပြုလေးကြည့်ပြီး အတည်ပြုလိုက်သည်။ သူနာပြုလေးက အိပ်နေတယ်ဆိုသော အမူအရာလုပ်ပြသဖြင့် သုထက်ခေါင်းညိတ်ပြလိုက်သည်။
YOU ARE READING
ခြွင်းချက်မဲ့စွာ
Romanceလူသားတစ်ယောက်ဖြစ်တဲ့အတွက် ခြွင်းချက်တွေရှိနေမှာပေါ့...... .....သို့သော် ချစ်ခြင်းမေတ္တာအတွက် ခြွင်းချက်တွေမလိုဘူးလေ (BL Drama,Romance) {Zaw+Uni} Start Date...25, November, 2019