(၂၈)

1.3K 213 29
                                    

ညနေသုံးနာရီခွဲခန့်အချိန်မှ သော်ဇင် အိမ်ပြန်ရောက်လာခဲ့သည်။ စောစောပြန်သော်လည်း လမ်း၌ ကားများပိတ်ဆို့နေသဖြင့် ဘယ်လိုမှ မတတ်နိုင်။ စစ်သွေးက သော်ဇင့်ကို ပြန်လိုက်ပို့ပေးပြီး အိမ်ထဲမဝင်တော့ဘူးဟုဆိုကာ ပြန်သွားခဲ့သည်။

သော်ဇင်တစ်ယောက် စစ်သွေးဝယ်ပေးလိုက်သော အဝတ်အစားအိတ်များကို ကိုင်ထားကာဖြင့် အိမ်ထဲသို့ မဝင်ရဲ။ ခြံတံခါးပိတ်ထား၍ ခြံစောင့်ဦးလေးကြီးအား ခပ်သာသာခေါ်လိုက်မည်ဟုတွေးပြီး ခေါ်သော်ငြား ခြံစောင့်ကထွက်မလာဘဲ သုထက်က အိမ်ထဲမှ ထွက်လာသည်။

သုထက်ကိုမြင်တော့ သော်ဇင်ပိုလန့်သွားသည်။ သုထက်သည် အစက လူမှားနေသေး၏။ ခြံတံခါးနားကပ်လာမှ သော်ဇင်မှန်းသိတော့သည်။ အဝတ်အစားကြောင့် ပြောင်းလဲ၍ ချစ်စရာကောင်းနေသော သော်ဇင့်အားကြည့်ရင်း....

"ဟိုကောင် ဆင်ပေးလိုက်တာတွေလား"

"ဟုတ်...ဒါမယ့် ကျွန်တော် မကြိုက်ပါဘူး ကိုထက်ရယ်...ကိုစစ်သွေးကို အားနာလို့ပါ...သူက စေတနာနဲ့..."

"ရတယ် ရှင်းပြစရာမလိုပါဘူး...လက်ဆောင်ပေးတယ်ဆိုလည်း ယူထားလိုက်ပေါ့"

"ဟုတ်..."

"မဝင်တော့ဘူးလား...ငါလက်ညောင်းလာပြီ"

သုထက်သည် ခြံတံခါးအား လက်ဖြင့်တွန်းကန်ထားရင်း သော်ဇင့်အားကြည့်ကာ မေးလိုက်သည်။ သော်ဇင်သည် အစက ကြောင်အန်းအန်းဖြစ်နေသး၏ ။ ပြီးနောက်မှ ခေါင်းညိမ့်ပြပြီးလျှင် အိမ်ထဲသို့ဝင်လာခဲ့သည်။ အိမ်ထဲသို့ အရင်ဝင်လာမိတော့ Jerryနှင့် တန်းတိုးတော့သည်။ Jerryသည် သော်ဇင့်ပုံစံအားကြည့်ကာ မျက်ခုံးပင့်သွားသည်။

"Jerryရောက်နေတာပဲ..."

သော်ဇင်သည် Jerryအား နှုတ်ဆက်ကြည့်ကာ အပေါ်သို့မတက်သေးခင် ခဏစောင့်နေသေး၏။ သို့သော် Jerryက စကားပြန်မပြော၍ သော်ဇင်သည် အလိုက်တသိဖြင့် အပေါ်ထပ်သို့ တက်သွားတော့၏။ ထိုစဉ် သုထက်ဝင်လာသည်။

"သူအရမ်းကိုပြောင်းလဲသွားတာပဲ...ကိုစစ်သွေးတို့ကတော့ လုပ်ချလိုက်ပြီထင်တယ်"

ခြွင်းချက်မဲ့စွာWhere stories live. Discover now